နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများ
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများအားလုံးသည် ရှေးနှစ်ပေါင်းများစွာကပင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်အေးအတူပူအမျှ စည်းလုံးညီညွတ်စွာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါရပ်တည်နေထိုင်ခဲ့ကြသည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၏ သာယာလှပသော တောတောင်ရေမြေသဘာဝပတ်ဝန်းကျင်ကောင်းများဖြင့် ရိုးသားဖြူစင်သော နာဂတိုင်းရင်းသားလူမျိုးစုများ အများဆုံးနေထိုင်ရာဒေသတစ်ခုဖြစ်သည်။
