တန်ဖိုးထားတတ်ခြင်းဖြင့် တန်ဖိုးမြင့်သူဖြစ်ပါစေ
တန်ဖိုး (Value) ဟူသည့် စကားလုံးတစ်ခုအပေါ် သင်မည်သို့နားလည်ပါသနည်း။ “တန်ဖိုးရှိတယ်၊ တန်ဖိုးမဲ့တယ်၊ တန်ဖိုးဖြတ်တယ်၊ တန်ဖိုးထားတယ်” မတူညီသည့်တန်ဖိုးများ စသည်ဖြင့် အမျိုးမျိုးသုံးနှုန်းဖူးကြသလို ဖွင့်ဆိုချက်လည်း အမျိုးမျိုးရှိကြသည်။ ဘ၀တန်ဖိုး၊ လူ့တန်ဖိုး၊ စည်းကမ်းတန်ဖိုး၊ လွတ်လပ်ရေး၏တန်ဖိုး၊ ငြိမ်းချမ်းခြင်း၏တန်ဖိုး၊ ဝန်ဆောင်မှုတန်ဖိုးဟူ၍လည်း အမျိုးမျိုးသုံးစွဲကြလိမ့်မည်။
