Skip to main content

မြန်မာနိုင်ငံ မော်တော်ယာဉ်ကဏ္ဍ၏ ခြေလှမ်းသစ်

ယခုအခါတွင် မြန်မာနိုင်ငံ၏မော်တော်ယာဉ်ကဏ္ဍကို တိုးတက်ပြောင်းလဲစေ၍ နိုင်ငံတကာနှင့်အမီ ရင်ပေါင်တန်းနိုင်ရေးအတွက် လျှပ်စစ်ကား (EV- Electric Vehicle)များ တင်သွင်းအသုံးပြုခြင်းမှတစ်ဆင့် ထုတ်လုပ်သုံးစွဲသွားရန် လမ်းညွှန်မှုတစ်ရပ်ကို နိုင်ငံတော်အကြီးအကဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမြော်အမြင်ကြီးမားစွာ ချမှတ်ခဲ့ပါသည်။ အဆိုပါလမ်းညွှန်ချက်ကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရန် ကျွန်တော့်အနေဖြင့် ၉-၁၀-၂၀၂၂ ရက်ကထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာတွင် ဆောင်းပါးတစ်ပုဒ်ရေးသား၍ နိုင်ငံတော်နှင့်ပြည်သူများသို့ တင်ပြခဲ့ပြီးဖြစ်သည်။

(၇၅) နှစ်ပြည့်မြောက်တော့မည်ဖြစ်သည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights, UDHR) ကို အတည်ပြုပြဋ္ဌာန်းခဲ့သည်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ဆိုလျှင်ဖြင့် စိန်ရတု (၇၅) နှစ် ပြည့်မြောက်တော့မည် ဖြစ်ပါသည်။ ကုလသမဂ္ဂ (United Nations) သည် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက် နေ့တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်း (UN Charter) ဒုတိယအပိုဒ်တွင် “to reaffirm faith in fundamental human rights, in the dignity and worth of the human person, in the equal rights of men and women and of nations large and small”, “လူတို့၏ အခြေခံ လူ့အခွင့်အရေးများ၊ လူတို့၏ဂုဏ်သိက္ခာနှင့်တန်ဖိုးများ၊ အမျိုးသမီးနှင့်အမျိုးသား၊ နိုင်ငံကြီးနှင့်နိုင်ငံငယ်တို့တွင်တူညီသော အခွင့်အရေးများရှိသည်ကို သက်ဝင်ယုံကြည်မှုရှိကြောင်း ထပ်လောင်းအတည်ပြုရန်”ဟု ဖော်ပြထားသော်လည်း ဤအချက်မျှနှင့်မလုံလောက်ဟု လက်ခံယုံကြည်ကြသဖြင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကိုရေးဆွဲရန် စတင်ဖြစ်ပေါ်လာခဲ့ပါသည်။

နွေရောက်ပြီလေ မီးသတိပြုကြမသွေ

နွေရာသီက မပီပြင်သေးပါဘူး။ မီးနံ့များကနေရာအနှံ့မှ ကြားနေရပါပြီ။ နွေဦးဂီတဆရာ ကိုဥသြ၏ အလွမ်းတေးထက်ပင် စောချင်နေသေးသည်။ မည်သို့ဖြစ်ကြသည်မသိ၊ လောင်ကိုလောင်မှရမည် ဆိုသည်မျိုးဖြစ်နေသည်။ သတိပြုကြစေချင်သည့် စေတနာကအရင်းခံပါ။ သွားသတိ၊ လာသတိ၊ စားသတိနှင့်ဆိုသကဲသို့မျိုး မီးနှင့်ပတ်သက်လာလျှင်လည်း ဖယောင်းတိုင်မီး၊ မီးခွက်မီး၊ ထင်းမီး၊ လျှပ်စစ် မီး၊ ဂတ်စ်မီး စသည်ဖြင့် မည်သည့်မီးပင်သုံးသုံး သတိတစ်လုံးလက်ကိုင်သုံးပြီး သတိနှင့်မီးအမြဲ ယှဉ်ကာအသုံးပြုစေချင်သည်။ အဘယ်ကြောင့်ဆိုသော် “လူခိုးလျှင်တော့ အစုတ်ကျန်၊ မီးခိုးလျှင်တော့ အပြုတ်နှံ”သောကြောင့် လက်တို့နေရခြင်းဖြစ်သည်။ မီးဘေးအန္တရာယ်သည် အခြားဘေးအန္တရာယ်တို့ထက် ဖြစ်ပွားမှုနှုန်းပိုများသောကြောင့်ပင်ဖြစ်သည်။

ရနံ့မသင်းပေမယ့် အဆင်းလှတဲ့ ချင်းတို့ဌာနေ တောင်ဇလပ်မြေ (၁)

ချင်းပြည်နယ်နှင့်ပတ်သက်ပြီး ကျွန်တော်ပထမဆုံးရေးဖြစ်ခဲ့သော ဆောင်းပါးနာမည်ဖြစ်သည်။ ရုန်းတောင်ခြေမှ အလင်းတန်းများ....ဟူ၍။ အချိန်ကာလအားဖြင့် တွက်စစ်ကြည့်သော် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဟားခါးမြို့၌ ကျင်းပပြုလုပ်ခဲ့သော အဋ္ဌမအကြိမ်မြောက် ကျောင်းသားအားကစားပွဲတော်ကြီးက အပြန်ရေးခဲ့သည်ဆိုတော့ကာ ဪ....၂၅ နှစ်တောင်ကြာခဲ့ပြီမို့၊ ငွေရတုသို့ပင် တိုင်ခဲ့ချေပြီတကား။ စိတ်ထဲမှာတော့ မနေ့တစ်နေ့ကအတိုင်းပင်။ သည့်နောက်မှာလည်း နတလဝန်ထမ်းဘဝဖြင့် ချင်းပြည်နယ်(မြောက်ပိုင်း) ဒေသများသို့ သုံး၊ လေးခေါက်မက ရောက်ခဲ့ပါသေးသည်။ ဟားခါးနှင့် ထန်တလန်ကြားက တီးမစ်(သီမြစ်) ချိုင့်ဝှမ်းဒေသအလှကို တစ်ဝကြီး ကြည့်ခဲ့ရဖူးသည်။ တီးတိန်နှင့် တွန်းဇံဒေသဘက်တွေမှာ တိမ်ပင်လယ်ကိုမြင်ခဲ့သည်။ ဒေသခံတိုင်းရင်းသူအချောအလှတွေပေါသော ဖလမ်းမြို့ကိုလည်း ရောက်ခဲ့သည်။ တီးတိန်မြို့ကိုအသွား ကားလမ်းပေါ်က မြောက်ယဉ်စွန်းတန်း ဖြတ်သောနေရာမှာ ဆရာတပည့်တွေ အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြတာကိုလည်းမမေ့။ ဆိုရသော် ချင်းပြည်နယ်၏ အလှများနှင့်အမှတ်တရများက နှစ်တွေဘယ်လိုပြောင်းပြောင်း၊ ဟောင်းသွားသည်၊ နွမ်းသွားသည်၊ ရိုးအီသွားသည်ဟူ၍မရှိ။ အမြဲတမ်းလန်းဆန်းလတ်ဆတ်နေသည်သာ။ ချင်းပြည်နယ်ကိုကျွန်တော်ချစ်ပါသည်။ တောင်ဇလပ်ပန်းနီနီများနှင့် အောက်ချင်းငှက်တို့၏ သစ္စာတရားကို ကျွန်တော်တန်ဖိုးထားပါသည်။

အလုပ်သမားများကိုယ်စားပြု အလုပ်သမားအဖွဲ့အစည်းများ  ပိုမိုအားကောင်းလာစေရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့

အလုပ်သမားဝန်ကြီးဌာနသည် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ပြီး အေးချမ်းသာယာ၍ဖွံ့ဖြိုးတိုးတက်သည့် ခေတ်မီနိုင်ငံတော်ကြီးတည်ဆောက်ရာတွင် နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် လိုက်လျောညီထွေသည့် မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ်များအား ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်စေရေး ဆောင်ရွက်ပေးလျက်ရှိသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း သိကောင်းစရာ

မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day)ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၏အခန်းကဏ္ဍကို အသိအမှတ်ပြုရေး၊ အမျိုးသမီးများစွမ်းဆောင်ရည်များ ပိုမိုမြင့်မားစေရေး၊ စံပြုထိုက်သော အမျိုးသမီးများအားဂုဏ်ပြုရေးနှင့် အမျိုးသမီးများရင်ဆိုင်နေရသည့် အခက်အခဲများကို ပူးပေါင်းဖြေရှင်းရေး စသည်တို့အတွက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့တွင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ၌ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလေ့ရှိပြီး နိုင်ငံအချို့တွင်မူ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြသည်။

သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့် ကိုယ့်မြေမှာ နီဝါတင့်စေဖို့ . . . လူသာလျှင်ပဓာန

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားခဲ့သည့်သတင်းကို ၂၆-၂-၂ဝ၂၃ ရက်က မြဝတီရုပ်မြင်သံကြားတွင် ကြည့်လိုက်ရပါသည်။ “မည်သည့်ကိစ္စတွင်မဆို လူသာလျှင်အရေးအကြီးဆုံးဖြစ်ကြောင်း၊ လူသာလျှင် ပဓာနဟုဆိုကြခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်အရေးကိစ္စအားလုံး၌ လူပါဝင်ဆောင်ရွက်ရပြီး လူ၏ဦးဆောင်မှု၊ လူ၏ လိုက်နာဆောင်ရွက်မှု၊ လူ၏ပြုပြင်ဖန်တီးမှုတို့သည် အဓိကကျကြောင်း၊ ထို့ကြောင့် လူတစ်ဦးချင်းအရည်အသွေး၊ အရည်အချင်းမြင့်မားနေစေရေး ဆောင်ရွက်ရမည်” ဟူသောလမ်းညွှန်ချက်ကို ရုပ်မြင်သံကြားမှတစ်ဆင့်နာခံရင်း အခုရက်ပိုင်းအတွင်း ကျွန်တော့်အာရုံထဲရှိနေသည့် အကြောင်းအရာလေးတစ်ခု ခေါင်းထဲပြန်ရောက်လာခဲ့ပါသည်။ လက်ရှိကျွန်တော်နေရသည့် အိမ်သစ်သို့ပြောင်းရွှေ့ခဲ့သည်မှာ လပိုင်းမျှသာရှိပါသေးသည်။

မြန်မာ့တောင်သူလယ်သမားတို့ဘဝ အေးချမ်းရမည်

တောင်သူလယ်သမားအပေါင်းဟာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလများတိုင်ကျေးဇူးရှင်တွေဖြစ်ကြောင်း၊ အနာဂတ်မှာ စိတ်အေးဖွယ်ရာတွေ ပေါ်ပေါက်လာမှာဖြစ်ကြောင်း အသိပေးလိုသဖြင့် ဒီဆောင်းပါးကိုရေးသားခြင်းဖြစ်ပါတယ်။ တောင်သူလယ်သမားများဟာ လယ်ယာလုပ်ငန်းမှာ မိသားစုဘဝ တိုးတက်ဖွံ့ဖြိုးရေးကစလို့ နိုင်ငံတော်အတွက် ဆန်စပါးနဲ့ ပဲ၊ ပြောင်း၊ ဝါကို ပို့ကုန်အဖြစ် ပင်ပန်းကြီးစွာ ထုတ်လုပ်ပေးနေကြပါတယ်။ တောင်သူလယ်သမားကြီးများရဲ့ နွေ၊ မိုး၊ ဆောင်းမရှောင် ကိုယ်ခန္ဓာပင်ပန်းမှုကို ပဓာနမထားဘဲ စားရေရိက္ခာအစုံ ထုတ်လုပ်ပေးမှုကြောင့် ပြည်တွင်းဖူလုံရုံသာမက နိုင်ငံခြားသို့ပင်တင်ပို့ရောင်းချနိုင်ပါတယ်။ ရွှေရောင်တဝင်းဝင်းနဲ့ စေတီပုထိုးတွေတည်ဆောက်၊ အလှူဒါနတွေလည်း ပြုလုပ်နိုင်ကြပါတယ်။ ၁၉၅၈ ခုနှစ်မှာ မြန်မာဟာဆန်တန်ချိန် ၆ ဒသမ ၄ သန်းထွက်ရှိတော့ ကမ္ဘာကိုဆန်တန်ချိန်အများဆုံး တင်ပို့ရောင်းချတဲ့ စံချိန်ကိုတင်ခဲ့ပါတယ်။ အဲဒီတုန်းက ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ကျွန်တော်တို့စံချိန်မမီခဲ့ပါဘူး။

အားနည်းချက်ကိုသိ အားသာချက်ကိုဖန်တီး အခွင့်အလမ်းကိုရှာ ခြိမ်းခြောက်မှုမှန်သမျှရင်ဆိုင်ပါ

အားနည်းချက်၊ အားသာချက်ဆိုတာ ကိုယ်စီလူတိုင်းမှာရှိကြတယ်။ ရှိတာကို ရှာဖွေတတ်ဖို့လိုတဲ့အပြင် အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲနိုင်စွမ်းလည်းရှိရပါမယ်။ ရံဖန်ရံခါ ပေါ်လာတတ်တဲ့ အခွင့်အလမ်းဆိုရင်လည်း အမိအရဖမ်းယူဆုပ်ကိုင်တတ်ဖို့လိုပါတယ်။ အနာဂတ်မှာကြုံတွေ့ရမယ့် စိန်ခေါ်မှု၊ ခြိမ်းခြောက်လာနိုင်မှုမှန်သမျှ ကြိုတင်မြော်တွေးထားရန်နဲ့ဖြစ်လာပါက ဖြေရှင်းနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ် ... စသည်ဖြင့်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂ နှစ်တာကာလ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆောင်ရွက်ချက်များ

ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ကီလိုမီတာ ၄ဝဝ လောက် နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံမဏိပူရဒေသမှာ ဘိန်းစိုက်ပျိုးတဲ့တောင်သူ ၇ဝ၃ ဦးနဲ့၊ ဘိန်းစိုက်ပျိုးဧက ၄ဝဝ ကျော် ကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကို အွန်လိုင်းသတင်းမီဒီယာတစ်ခုမှာ ဖတ်လိုက်ရပါတယ်။ ဒီလိုဖမ်းဆီးတဲ့နေရာမှာ ဒေသတွင်းဘိန်းစိုက်ပျိုးခွင့်ပြုထားတဲ့ တောင်ပေါ်ရွာသူကြီး ၅ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ ဒါကအိန္ဒိယနိုင်ငံ၊ မဏိပူရအစိုးရအနေနဲ့ ဘိန်းစိုက်ပျိုးမှုကိုမတားဆီးဘဲ ဆက်စပ်လုပ်ကိုင်နေတဲ့ အာဏာပိုင်တွေကိုပါ ဖမ်းဆီးအရေးယူတယ်ဆိုတဲ့ သတင်းစကားကိုပေးလိုက်တာလို့လည်း သဘောပေါက်မိပါတယ်။
Subscribe to ဆောင်းပါး