မူးယစ်ဆေးအန္တရာယ် စုပေါင်းကာကွယ်ကြပါစို့
မူးယစ်ဆေးဝါးသုံးစွဲမှုက သုံးစွဲတဲ့လူတစ်ဦးတစ်ယောက်ချင်းစီကို ထိခိုက်စေရုံသာမက ဆေးစွဲနေသူရဲ့ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ တိုင်းပြည်ရဲ့ အရင်းအမြစ်များနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ ထိခိုက်စေနိုင်ပါတယ်။ သုံးစွဲသူအနေနဲ့လည်း HIV/AIDS ရောဂါ ကူးစက်ခံရခြင်းအပါအဝင် အခြားသောရောဂါပေါင်းစုံဝင်ရောက်နိုင်ပြီး လူမှုရေးကိုထိခိုက်စေတဲ့ ဆိုးကျိုးများကို ချက်ချင်းလက်ငင်းကြုံတွေ့ခံစားရမှာဖြစ်ပြီး မိသားစုရှိတဲ့သူဖြစ်မယ်ဆိုရင် ၎င်းရဲ့ သားသမီးများမှာလည်း မိသားစုနဲ့ပတ်ဝန်းကျင်ရဲ့ ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း လျစ်လျူရှုခြင်းခံရမှုတွေကြောင့် သနားဖွယ်ရာ စိတ်ဒဏ်ရာများနဲ့ ကြီးပြင်းလာကြရပါတယ်။
