ပညာရှာလူငယ်များ သူတို့အနာဂတ်ကို လေးစား
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ လူငယ်ထုအတွက်ပြိုင်ဆိုင်မှုများ၊ စိန်ခေါ်မှုများက ယခင်ခေတ်များနှင့်မတူ ပို၍ကြီးမားလာသည်။ ကုလသမဂ္ဂကလည်း ကမ္ဘာ့လူဦးရေနေ့ (World Population Day)၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (International Youth Day)အခမ်းအနားများတွင် လူငယ်များနှင့်ဆက်စပ်၍ “လူငယ်တွေဟာ မည်သည့်လူ့အဖွဲ့အစည်းမှာမှ ဝန်ထုပ်ဝန်ပိုးအသွင်မဖြစ်စေရေး၊ လူငယ်တွေဟာ အဖိုးထက်ဆုံးရတနာများဖြစ်စေရမည်”
