Skip to main content

မီးလောင်မှုအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ပါက ဆက်သွယ်နိုင်သည့် 191 မိုဘိုင်းလ်အက်ပလီကေးရှင်း

မီးလောင်မှုအပါအဝင် သဘာဝဘေးအန္တရာယ်များ၊ မတော်တဆမှုများနှင့် ရင်ဆိုင်ကြုံတွေ့လျှင် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်သတင်းပေးအကူအညီရယူနိုင်ရန် 191 Application ကို (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့က အများပြည်သူသို့ စတင်မိတ်ဆက်ပေးခဲ့ပြီးဖြစ်သည်။

ရိုးမကိုကျော် မြတ်ဆရာပူဇော်ပွဲသို့

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ပထမပတ်လောက်ကထင်ပါသည်။ ဦးထွန်းကြိုင် (လယ်/ပြ)(အ.ထ.က သရက်တောင် မြေပုံမြို့နယ်)ထံမှ ဖုန်းဝင်လာသည်။ သရက်တောင်ရွာတွင် ပထမအကြိမ်ရွာလုံးကျွတ် “မြတ်ဆရာပူဇော်ပွဲ”ကို ကျင်းပမည်ဖြစ်ကြောင်း၊ သရက်တောင်ရွာရှိ အ.ထ.ကနှင့် အ.မ.က သရက်တောင် (မြောက်)တို့၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် အသက် ၆၀ နှင့်အထက် ဆရာဆရာမများကို ဖိတ်ကြားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်မဘက်သို့ ရောက်ရှိနေကြသော ဆရာဆရာမများ၏ ဖုန်းနံပါတ်နှင့်နေရပ်လိပ်စာတို့ကို သိလိုကြောင်းဖြင့် လေးလေးစားစား ပြောဆိုအကူအညီ တောင်းခံလာပါသည်။

မမေ့နိုင်ဖွယ်ရာ ဇူလိုင်လရဲ့ သမိုင်းသင်ခန်းစာ

ဇူလိုင်လရဲ့ မိုးစက်မိုးပွင့်တို့နဲ့အတူ (၇၆)နှစ်မြောက်အာဇာနည်နေ့တောင် ရောက်ခဲ့ပြီကော။ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ မျက်မှောက်ခေတ်အခြေအနေအရ အလေးအနက်ဆင်ခြင်စရာ၊ သမိုင်းသင်ခန်းစာယူစရာတွေက အများသားလား။

ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း နိုင်ငံတော်ဓာတ်အားစနစ်သို့ စတင်ထုတ်လုပ်ပို့လွှတ်ခြင်းနှင့် မြန်မာနိုင်ငံလျှပ်စစ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရေး ဆောင်ရွက်ချက်များ

၂၀၂၃ ခုနှစ် မေလအတွင်းဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်တွင် သဘာဝဘေးအန္တရာယ်ဒဏ်ကိုကြုံတွေ့ခံစားခဲ့ရသည်ကို အားလုံးသိရှိကြပြီးဖြစ်ပါသည်။ မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် အထူးပင်ကိုယ်ချင်းစာ စိတ်မကောင်းဖြစ်မိပါသည်။

ပန်းလိုစိုက်ပျိုး၊ ပိုးလိုမွေးမြူရမည့် ကလေးသူငယ်များ

ကလေးတစ်ဦးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးဆုံးကာလမှာ သူ့ဘဝ၏အစောဆုံးနှစ် (မွေးကင်းစမှငါးနှစ်)များပင်ဖြစ်သည်။ ကလေးဘဝအရွယ်ကတည်းက ဘက်စုံဖွံ့ဖြိုးတိုးတက်စေမည့် အခြေခံကောင်းများရရှိအောင် ဆောင်ရွက်ပေးရန် အထူးလိုအပ်လှသည်။ “ဖွံ့ဖြိုးမှု”ဆိုသည်မှာ ကလေးငယ်တစ်ဦး၏ ပတ်ဝန်းကျင်ရှိ လူ၊ တိရစ္ဆာန်၊ အရာဝတ္ထုစသည်တို့နှင့် အတုံ့အပြန်ဆက်ဆံခြင်း၊ စဉ်းစားတွေးတောခြင်း၊ စိတ်လှုပ်ရှားခံစားခြင်း၊ ရွေ့လျားလှုပ်ရှားခြင်း စသည့်တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုခက်ခဲရှုပ်ထွေးသော လုပ်ငန်းအဆင့်များကို ဆောင်ရွက်နိုင်ရန် စူးစမ်းမှု၊ သင်ယူမှုပြုလုပ်၍ အကျိုးဆက်ပြောင်းလဲမှုဖြစ်စဉ်ကို ခေါ်ဆိုခြင်းဖြစ်သည်။

ပင်လယ်ပျော်တို့ဒေသသို့ ဖွံ့ဖြိုးရေးဖြင့် ပွေ့ဖက်ခြင်း

ဤလှပသောမြင်ကွင်းကို ငေးကြည့်ရင်း “အမိမြန်မာပြည်၏ တောတောင်များ အစဉ်စိမ်းလန်းပြီး တောင်တန်းများ အမြဲခိုင်ခံ့တည်တံ့ကာ ပင်လယ်ပြင်ကြီးများ ထာဝရရှင်သန်ပါစေ” ဟု ဆုတောင်းနေမိပါသည်။ စာရေးသူတို့စစ်ကြောင်းရောက်ရှိနေသော တောင်ထိပ်မှမြောက်စွန်းသို့ လှမ်းကြည့်လျှင် ထင်ထင်ရှားရှားမြင်ရသည်က တနင်္သာရီဒေသအတွင်း အမြင့်ဆုံးမိုးထိနေသည့် မြင့်မိုရ်လက်ခတ်တောင်။ ကျန်သည့် အရပ်လေးမျက်နှာတွင်လည်းတောင်ပင်လယ် အနိမ့်အမြင့်များက မျက်စိတစ်ဆုံး။

မြန်မာလူငယ်များအတွက် နျူကလီးယား သတင်းအချက်အလက်

“နျူကလီးယားနည်းပညာဟာ ယနေ့ကမ္ဘာမှာ အလွန်ရေပန်းစားနေပါတယ်။ နျူကလီးယား နည်းပညာကို နိုင်ငံဖွံ့ဖြိုးရေးအတွက် နိုင်ငံတိုင်းက ပိုင်ဆိုင်လိုကြတယ်။ နျူကလီးယား စွမ်းအင် ဟာရေအားပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယကာဗွန်ဒိုင် အောက်ဆိုက်ထုတ်လုပ်မှု အနည်းဆုံး ဖြစ်ပါတယ်”

သဒ္ဓါဖြူဖွေး ဓလေ့သွေး ပေးလှူမကွာ တို့မြန်မာ

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် မြန်မာလူမျိုးများသည် အလှူရေစက် လက်နဲ့မကွာဟုဆိုသည့်အတိုင်း ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေးအတွက် အလေးထားဆောင်ရွက်ကြသူများဖြစ်သည်။ ထို့အပြင် ညောင်စေ့လောက်လှူ ညောင်ပင်လောက်ရဟူသည့်ဆိုထုံးကို စိတ်ဝယ်သွင်းကာ သဒ္ဓါတရားနည်းများမဆို ကုသိုလ်ပွား များကြသူများလည်း ဖြစ်ကြ၏။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် မြတ်စွာဘုရား၏ ကိုယ်ပွားရုပ်ပွားတော်ကို ကိုးကွယ်ခွင့်ပြုခဲ့သည့် ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီများကို တည်ထားကိုးကွယ်ခဲ့ကြသည်။ ဘာသာရေးနှင့်သော်လည်းကောင်း၊ လူမှုရေးအတွက်သော် လည်းကောင်း အလှူအတန်းနှင့် ပတ်သက်လာပါက တုံ့ဆိုင်းနေသူများ မဟုတ်ကြပါချေ။

သမဝါယမပုံရိပ်ကောင်းမွန်စေဖို့ သမဝါယမစစ်စစ်ကို ရှာဖွေကြစို့

သမဝါယမဟူသည် ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး “သမ” = အတူတကွ၊ “ဝါယမ” = အင်အားစိုက်ထုတ်ဆောင်ရွက်ခြင်း၊ သမဝါယမမှာအတူတကွ အင်အားစိုက်ထုတ်ဆောင်ရွက်ခြင်းဟု အဓိပ္ပာယ်ရသည်။ တစ်ဦးချင်း၏အင်အားဖြင့် ဆောင်ရွက်၍မရသည်ကို အများ၏စုပေါင်းအင်အားဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းကို ဆိုလိုသည်။

သံမဏိလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စက်မှုဝန်ကြီးဌာန၏ အခန်းကဏ္ဍ

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်မှာ ထိုနိုင်ငံရှိလူအများစုလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့််တင်၍ ယင်းစီးပွားရေးမောင်းနှင်အားကို အခြေခံလျက်ပြည်ပသွင်းကုန်များ အစားထိုးနိုင်သည့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများကို ကျွဲကူးရေပါဆိုသကဲ့သို့ အားပေးမြှင့်တင်ရန်လိုအပ်သည်။ ပြည်တွင်းထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်လေလေ ဖွံ့ဖြိုးမှုမြန်လေလေ ဖြစ်ပေမည်။
Subscribe to ဆောင်းပါး