နိုင်ငံ့အရေးအတွက် နိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာ
ဆွမ်းချိုင့်လေးကလည်း ဖရိုဖရဲ၊ အဖေဖြစ်သူနှင့် လေးနှစ်အရွယ် သမီးငယ်တို့မှာလည်း သွေးအိုင်ထဲပြိုလဲ၍ သေပွဲဝင်နေပုံမြင်ကွင်းက ဝမ်းနည်းကြေကွဲစရာပင်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာမှ သားအဖနှစ်ဦး ဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်သွားပို့စဉ် အကြမ်းဖက် PDF များက လေးနှစ်အရွယ် ကလေးပါမကျန် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။
