နိုင်ငံသားတစ်ဦးတစ်ယောက်၏ စိတ်ဓာတ် စည်းကမ်း ပညာ
လူ့စွမ်းအားအရင်းအမြစ်ကို ဖန်တီးပေးထားတဲ့ ဆရာဟာ ခေတ်နောက်ကျနေခဲ့ရင် အနာဂတ်ဟာ မျှော်လင့်ချက်မရှိဘူး။ လူ့စွမ်းအားအရင်းအမြစ်ကို မွေးထုတ်ပေးတဲ့ ဆရာဟာ ဆန်းသစ်တဲ့ စိတ်ကူး တွေ ခံယူနိုင်စွမ်းမရှိ ရပ်တန့်နေခဲ့ရင် သူမွေးထုတ်ပေးတဲ့ လူ့စွမ်းအားအရင်းအမြစ်က ဘယ်နည်းနဲ့မှ အနာဂတ်ကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။ ဆရာတွေဟာ ပညာရေးမျှော်မှန်းပန်းတိုင်ရောက်ဖို့ လမ်းညွှန်ရာမှာ ကြိုးစားပမ်းစားနဲ့ ပညာတွေပေးလို့ လူထုရဲ့ အားကိုးရာဖြစ်ပါတယ်။ ဆရာရဲ့ တွေးခေါ်ပုံတွေ၊ ပြောပုံဆိုပုံတွေ၊ ပြုမူပုံတွေဟာ ကျောင်းသားတပည့်တွေဆီ စီးဆင်းပါတယ်။ ကျောင်းသားဆီကို ရောက်သွားတာကြောင့် အကောင်းအဆိုး၊ အကြောင်းအကျိုး အထူးသတိမူရပါမယ်။
