မြန်မာနိုင်ငံနှင့် ရာသီဥတုပြောင်းလဲမှုခြေရာများ
တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏ အကြွင်းအကျန်လေပွေလှိုင်း မြန်မာနိုင်ငံအတွင်းသို့ လေပွေလှိုင်းအဆင့်ဖြင့် ၃ ရက်ခန့် ကြာမြင့်စွာ ဖြတ်ကျော်ခဲ့ရာ ဖြတ်ကျော်ဝင်ရောက်နေသည့် ၉-၉-၂၀၂၄ ရက်နေ့မှ ၁၂-၉-၂၀၂၄ ရက်နေ့များအတွင်း မိုးကြီးခြင်းများ ဖြစ်ပေါ်ခဲ့ကာ မိုးရေချိန် စံချိန်သစ်တင်ခြင်းများကို ၁၅ ကြိမ်တိုင်တိုင် တိုင်းတာရရှိခဲ့ပါသည်။
