ကျန်းမာရေးကောင်းမွန်ဖို့ ရုံးပတီသီးစားကြစို့
လောကကြီးမှာရှိတဲ့ လူမှန်သမျှ အစာအာဟာရပြည့်မှ စွမ်းအင်ပြည့်ဝမယ်။ ကိုယ်ခန္ဓာလှုပ်ရှားမှုတွေ တက်ကြွမြန်ဆန်မယ်။ အတွေးအခေါ်တွေကောင်းမယ်။ မှန်ကန်တဲ့ လုပ်ဆောင်မှုတွေရနိုင်မှာဖြစ်လို့ စွမ်းအင်ပြည့်ဝဖို့လိုပါတယ်။ စွမ်းအင်ပြည့်ဝဖို့ရာလည်း သင့်တင့်မျှတတဲ့ အစာအာဟာရတွေကို ရွေးချယ်စားတတ် ဖို့လည်းလိုပါတယ်။ သစ်သီးနဲ့ အသီးအနှံ/ ဟင်းသီးဟင်းရွက်လေးတွေကတော့ လူတိုင်း နေ့စဉ်မဖြစ်မနေစားသင့်တဲ့ အာဟာရထဲမှာပါပါတယ်။ အရည်ရွမ်းပြီး ဗီတာမင် (Vitamin)၊ သတ္တုဓာတ် (Metal) နဲ့ အမျှင်ဓာတ် (Fiber) ပေါကြွယ်ဝတဲ့ အသီးအရွက်လေးတွေက လူရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် အရေးပါလှပါတယ်။
