ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် (Mount Popa National Geopark)
ဘူမိဥယျာဉ် (Geopark) ဆိုသည်မှာ ဘူမိအမွေအနှစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ၊ လူနေမှုဓလေ့ထုံးစံများ၊ ဒေသထွက်ကုန်များ၊ ရေမြေတောတောင် သဘာဝအလှနှင့် ဒြပ်မဲ့တန်ဖိုးများကို စနစ်တကျထိန်းသိမ်းပြီး ပညာပေးရေးနှင့် သုတေသနလုပ်ငန်း များ၊ ဒေသခံပြည်သူများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် စနစ်တကျ စီမံအုပ်ချုပ်လျက် ရှိသော ဒေသတစ်ခုဖြစ်ပါသည်။ ဘူမိဆိုင်ရာ ထူးခြားသောပြကွက်များအပြင် အပန်းဖြေရေး၊ ဖျော်ဖြေရေး၊ စားသောက်နေထိုင်ရေး၊ လူမှုဆက်ဆံရေးနှင့် ပညာရပ်ဆိုင်ရာများကို လေ့လာဖြန့်ဖြူးသောနေရာလည်း ဖြစ်ပါသည်။
