ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောရေးကို ကြိုးပမ်းကြပါစို့
ယနေ့နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော အခြေအနေကိုရှုမြင်လျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များကြောင့် အချို့ဒေသများတွင် ဒေသခံပြည်သူများ လုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများစွာ ကြုံတွေ့နေသည်ကို တွေ့မြင်နိုင်ပါသည်။
