ကျွန်တော်ချစ်သော MRTV
ကျွန်တော့်မွေးရပ်မြေ ဧရာဝတီတိုင်းဒေသကြီး၏ ဆောင်ပုဒ်က “ရိုးသားကြိုးစား ဧရာဝတီသား” ဟူ၍ ဖြစ်သည်။ ထိုဆောင်ပုဒ်အတိုင်း ဧရာဝတီသားတွေ ရိုးသားခဲ့ကြသည်၊ ကြိုးစားခဲ့ကြမည်ဟူ၍လည်း ယုံကြည်ခဲ့သည်။ ယုံကြည်၍လည်း ဆောင်းပါးတွေထဲမှာ အခါအခွင့်သင့်လျှင် သင့်သလိုကြွားခဲ့၊ ရေးခဲ့ဖူးသည်။
