Skip to main content

Nov 15, 2024

အလုပ်သမားဝန်ကြီးဌာန ထုပ်ဆီးတိုးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံးရှေ့မြက်ခင်းပြင်၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ ပြိုင်ပွဲဝင်အသင်းများ၏ အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒိုင်အဖွဲ့ဝင်များ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2024

(၂၀၂၄) ခုနှစ် ကမ္ဘာ့ဆီးချို သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း Theater ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2024

Naypyitaw State Academy မှ ဥပဒေအထူးပြု ကျောင်းသားများ ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2024

ပုသိမ်မြို့ ချောင်းသာကမ်းခြေ၌ ရောက်ရှိနေကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr.Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ချောင်းသာကမ်းခြေ၌ လှည့်လည်ကြည့်ရှုအနားယူအပန်းဖြေကြပြီး ချောင်းသာမြို့အဝင်၌ ရုရှား - မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ခရေပင်ကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E.Mr.Iskander Azizov နှင့်အတူ စိုက်ပျိုးပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ယနေ့တန်ဆောင်တိုင်မီးထွန်းပွဲတော် ဒုတိယနေ့ကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ပါဝင်ဆင်နွှဲကြသည့် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2024

မြန်မာတို့၏ ၁၂ လရာသီတွင် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာပွဲတော်များ ကျင်းပလေ့ရှိသည့်အနက် တန်ဆောင်မုန်းလပြည့်နေ့တွင် နိုင်ငံတစ်ဝန်း၌ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲများ ကျင်းပနေကြသည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ရသည်။ မြန်မာတို့အဖို့ ကုသိုလ်ကောင်းမှုအထူးထူးတို့ ရရှိကြသလို ထိုနေ့ထူးနေ့မြတ်အခါသမယတွင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် သာမညဖလသုတ်တရားတော် ရွတ်ဖတ်ပူဇော်နာကြားခြင်းကုသိုလ်ကိုလည်း ပြုလုပ်ကြရမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2024

လတကာတို့တွင် တန်ဆောင်မုန်းလသည် အလှပဆုံး၊ အသာယာ ဆုံးဟု အဆိုရှိသည်။ “တန်ဆောင်” ဟူသည် မီးရှူး၊ မီးတိုင်၊ ဆီမီးဟု အဓိပ္ပာယ်ရ၍ “မှုန်း” ဆိုသည်မှာ တောက်ပစေခြင်း၊ ထွန်းညှိခြင်းဟူသော အဓိပ္ပာယ်ရှိသည်ဖြစ်၍ “တန်ဆောင်မုန်း” ဆိုသည်မှာ မီးရှူး၊ မီးတိုင်၊ ဆီမီးအလင်းရောင်တို့ တောက်ပသောလဖြစ်သည်ဟူ၍လည်း ဖွင့်ဆိုသည်။ တစ်နည်းအားဖြင့် အမိုက်မှောင်ကို မီးရှူးတန်ဆောင် အလင်းရောင်ဖြင့် ပယ်ရှားရှင်းလင်းသည့်ကာလလည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ (၁၃) ရက်က နေအိမ် (၁၀၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

ပုသိမ်မြို့ ချောင်းသာကမ်းခြေသို့ ရောက်ရှိနေကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ချောင်းသာကမ်းခြေ၌ လှည့်လည်ကြည့်ရှုအနားယူအပန်းဖြေကြပြီး ချောင်းသာမြို့အဝင်၌ ရုရှား - မြန်မာချစ်ကြည့်ရေးအထိမ်းအမှတ်အဖြစ် ခရေပင်ကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ် H.E.Mr.Iskander Azizov နှင့်အတူ စိုက်ပျိုးပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့ ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများသည် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နေ့လယ်ပိုင်းက နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅) တွင် လက်ခံလက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ပူဇော်ဖွင့်လှစ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနကြီးကြပ်မှုအောက်ရှိ သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ် (၂၀၂၄ ခုနှစ်အောင်) (ပထမနှစ်ဝက်) သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်) သင်တန်းများကို နိုဝင်ဘာ ၁၄ ရက် (ကြာသပတေးနေ့) မှစ၍ ကျောင်းအပ်လက်ခံပြီး နိုဝင်ဘာ ၂၁ ရက် (ကြာသပတေးနေ့)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းလွဲပိုင်းတွင် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) သို့ရောက်ရှိပြီး လေအေးပေးစက် တပ်ဆင်/ ပြုပြင်ခြင်း သင်တန်း (၃/၂၀၂၄) နှင့် ဂဟေဆက်သင်တန်း (၄/၂၀၂၄) သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

ပျဉ်းမနားသကြားစက်ရုံဝင်းအတွင်း ရေဘေးသင့်ဝန်ထမ်းအိမ်ထောင်စုများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စက်ရုံစုဝေးဆောင်ခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများ၊ ရေဘေးသင့် ဝန်ထမ်းအိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

လှိုင်မြစ်ကူး ရွှေပြည်သာတံတားရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် (၃) နှင့် (၄) အကြားမှ လည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် (၂) နှင့် (၃) အကြားမှလည်းကောင်း ဖွင့်လှစ်ထားသော်လည်း ယခုအခါ တံတားမြစ်ကြမ်းပြင်မြစ်ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မည် ဖြစ်သောကြောင့် ရေယာဉ်များဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှစ၍ အစုန်၊ အဆန်ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ် (၂) နှင့် (၃) အကြားမှ ပြောင်းလဲဖွင့်လှစ်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် စမုံနှင့်သပြေတောင်းကြား အဆန်ရထားလမ်း တံတားအမှတ် (၆၉၁) ၏ ကမ်းကပ်ခုံရေတိုက်စားခံရမှုအပေါ် ပေ ၆၀ ဘေလီ သံပေါင်ဖြင့် ယာယီအစားထိုးဆောင်ရွက်ခဲ့ပြီး ယခုအခါ အသေးစိတ် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရန် လိုအပ်သဖြင့် နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်များတွင် မန္တလေး-သာစည် ရထားလမ်းပိုင်းကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2024

၁၃၈၆ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၇) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် မြန်မာနိုင်ငံစာရေးဆရာအသင်းသို့ စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းကြရာ (ဗိုလ်ချုပ်ကြီး မဟာသရေ စည်သူ စိုးဝင်း)-ဒေါ်သန်းသန်းနွဲ့(မလေး-မုံရွာ)မိသားစု၊ ဦးကျော်ညွန့်ရည် - ဒေါ်ဝါဝါကျော် (ကျော်ညွန့်ရည်စာပေ)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် တက္ကသိုလ်တင်မောင်ထွေး (နတ်ရေကန်) အားရည်စူး၍ နတ်ရေကန်မိသားစုတို့က ငွေကျပ် ၁၀ သိန်းစီ၊ ဦးဝေလွင် (အမျိုးသားစာပေဆုရ ဝေလွင်မောင်) နှင့် တောင်ဥက္ကလာပ မြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသိန်းစီ၊ အမျိုးသားစာပေဆုရ ဦးကျော်မြင့် (GA) က ငွေကျပ်သုံးသိန်း၊ ဆရာမကြီး ဒေါ်ကြွယ်ကြွယ် (မကြွယ်ကြွယ်) အားရည်စူး၍ သမီး ဒေါ်ချိုချိုလတ်က ငွေကျပ် ၂၅ဝဝဝဝ၊ ဦးဖေသက်ညွန့် (ဆွေဇင်ညွန့်) မိသားစုက ငွေကျပ်နှစ်သိန်း၊ ဦးမောင်မောင်မြင့်အေး (လာဘ်မိုးစွေစာပေတိုက်)-ဒေါက်တာစောယုနွယ်မိသားစုက ငွေကျပ် ၁၅ဝဝဝဝ၊ အောင်မြေသာစံမြို့နယ်စာရေးဆရာအသင်းက ထပ်မံလှူဒါန်းငွေကျပ် ၁၃၀၀၀ဝ၊ စာရေးဆရာမကြီး ရွှေကူနန်းနွဲ့နွဲ့ မိသားစု၊ ဦးမြတ်စိုး (မြတ်စိုး-လှိုင်)၊ ပန်းဘဲတန်းမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးမြင့်အောင် (ဝါးခယ်မ)၊ လေအန်ကုန်းစာပေရပ်ဝန်း၊ အလင်္ကာကျော်စွာ စာရေးဆရာကြီး တင့်တယ်မိသားစု၊ အလင်္ကာကျော်စွာ ဆရာကြီးသူရဇော်-(ခင်- တိုင်းရင်းမေ) စာပေမောင်နှံမိသားစု၊ ဒေါက်တာမောင်မောင်မြင့်-ပဲခူးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး)၊ ဒေါက်တာခင်မောင်လွင် (FAME Pharmaceuticals)၊ ဆရာဇော်ထူးနိုင် (စာပေနှင့်ဂမ္ဘီရ)နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်တစ်သိန်းစီ။

ဆက်လက်ဖတ်ရှုရန်