Jul 30, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရန်ကုန် တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။
Jul 30, 2025
ပြန်ကြားရေးဝန်ကြီးဌာနရှိ ရုံးစာကြည့်တိုက်များနှင့် စာကြည့်တိုက်ကော်မတီအတွက် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းက ရန်ကုန်တက္ကသိုလ်ဘူမိဗေဒဌာနပါမောက္ခ၊ ဌာနမှူး (ငြိမ်း)ဆရာကြီး ဒေါက်တာသိန်းရေးသားသည့် မြန်မာပြည်နှင့် ငလျင်၊ မြန်မာ့ငလျင်ဘေးလျှော့ချရေး အသိပညာစာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 30, 2025
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ကျောက်ကြီးမြို့ အနောက်ဘက်ရှိ လပတ်ကျေးရွာမှ အပြစ်မဲ့ပြည်သူများအား KNLA နှင့် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ငယ်များ၊ တုတ်၊ ဓားများဖြင့် အကြောင်းမဲ့ပစ်ခတ် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ရာ လူမမည်ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အပြစ်မဲ့ကျေးရွာသူ ကျေးရွာသား ၁၃ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း စိတ်မကောင်းဖွယ်သတင်းကို ကြားသိခဲ့ရသည်။
Jul 30, 2025
အငြင်းပွားမှုအချို့ရှိနေသည့်တိုင် ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲလိုက်ကြခြင်းက ဒေသအတွင်း မြင့်တက်လာသည့် တင်းမာမှုများအပေါ် စိုးရိမ်ပူပန်မှုများကို လျော့ကျသွားစေသည်။ ရက်အနည်းငယ်မျှသာဖြစ်ခဲ့သည့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများတွင်ပင် အသေအပျောက်၊ အပျက်အစီးများ နှစ်နိုင်ငံလုံး၌ရှိခဲ့ရာ အကယ်၍သာ တစ်ဖက်ဖက်က သဘောထားတင်းမာစွာဖြင့် ပဋိပက္ခကို ရှည်ကြာစေခဲ့မည်ဆိုလျှင် ဤစစ်ပွဲသည် ရှုံးသူလည်းရှုံး၊ နိုင်သူလည်းရှုံးသည့်နိဂုံးသို့ ဆိုက်ရောက်သွားကြမည်ဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှုများကို နှစ်ဖက်စလုံးက စောစောစီးစီး အဆုံးသတ်လိုက်ကြခြင်းဖြင့် နောက်ထပ်ဖြစ်ပေါ်လာမည့် ကြီးမားသည့်ဆုံးရှုံးမှုများကို ရပ်တန့်ထားနိုင်ခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။
Jul 29, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 29, 2025
မြန်မာနိုင်ငံ စာရင်းကောင်စီမှ ကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင် ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများဆိုင်ရာဒီပလိုမာသင်တန်း (Diploma in International Public Sector Accounting Standards - Dip IPSAS) သင်တန်းအမှတ်စဉ် (၂) အပိုင်း (၁) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Jul 29, 2025
သမဝါယမဦးစီးဌာန၏ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် (၁၆) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jul 29, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံသုတေသနဌာနခွဲအောက်ရှိ ဒေသသုတေသနဗဟိုဌာန (လေးထောင့်ကန်) ခြံ၏ သုတေသနနှင့် သုတေသနခြံတည်ထောင်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Jul 29, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E Mr. Iskander Azizov အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 29, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး Mr. Iskander Azizov အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 29, 2025
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပသည့် စစ်ဆေးအကဲဖြတ်သူနည်းစနစ်သင်တန်း (Assessor Methodo-logy Training) ဖွင့်ပွဲသို့ တက်ရောက်သည်။
Jul 29, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Jul 29, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၆၃၅၄ ဧကရှိသောနယ်မြေကို “ချောင်းညီကိုဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ်( ၇၄ /၂၀၂၅) အရ ၁၃၈၇ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၃ ရက် (၂၀၂၅ ခုနှစ် ဇူလိုင် ၂၂ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
Jul 29, 2025
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၀-၇-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၇-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈၈၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် တစ်ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိနှုန်းမှာ (၀.၁၁) ရာခိုင်နှုန်းဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာ မရှိပါ။
Jul 29, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ညောင်ရွှေ မြို့နယ် ရှမ်းရိုးမမွေးမြူရေးဇုန် (၁) သို့ သွားရောက်၍ မွေးမြူရေးဇုန် အတွင်း၌ တောင်သူ ၉၄ ဦး မွေးမြူလုပ်ကိုင်လျက်ရှိကြသည့် ဥစားကြက်အကောင်ရေ ၈၁၆၄၀၀ မှ တစ်ရက်ပျမ်းမျှ ကြက်ဥ ၆၅၀၀၀၀ ကျော် ထွက်ရှိမှု၊ ရှမ်း (အရှေ့) နှင့် ကယားပြည်နယ်၊ မန္တလေး၊ မကွေး၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများသို့ ဖြန့်ဖြူးပေးနေမှု၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးတောင်သူများနှင့် ဇုန်အလိုက် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးတို့ကို တွေ့ဆုံဆွေးနွေးသည်။
Jul 29, 2025
အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များကို အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏပတ္တမြားခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
