Mar 05, 2020
နေပြည်တော် မတ် ၆
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၄/၂၀၂၀ ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Mar 05, 2020
နေပြည်တော် မတ် ၆
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ (၈၅) နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများ နှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် -
Mar 05, 2020
နေပြည်တော် မတ် ၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဆွစ်ဇာလန် နိုင်ငံအစိုးရ ကိုယ်စားပြု မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးတို့အကြား ရှမ်းပြည်နယ် တောင်ပိုင်း၊ လူမှုအဆောက်အဦများ တည်ဆောက်ခြင်းနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော်ရေး သဘောတူလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီခွဲက အဆိုပါဝန်ကြီးဌာန၏ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Mar 05, 2020
ရန်ကုန် မတ် ၆
အခြေခံပညာ အလယ်တန်း၊ အထက်တန်း သင်ရိုးညွှန်းတမ်းရေးဆွဲရေး အစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များ ကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 05, 2020
ရန်ကုန် မတ် ၆
ဇီဝိတဒါန သံဃာ့ဆေးရုံကြီး(ရန်ကုန်)က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသား သွေးလှူဘဏ်သို့ COVID-19 ရောဂါကာကွယ်ရေးအတွက် အသုံးပြုရန် FACE MASK များ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ဇီဝိတဒါနသံဃာ့ ဆေးရုံကြီး(ရန်ကုန်)အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 05, 2020
ရန်ကုန် မတ် ၆
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့၏ ညှိနှိုင်းထားချက်အရ ၂၀၂၀ ခုနှစ် မတ်လ (၁၁)ရက်မှ (၂၀)ရက်အထိ ကျင်းပမည်ဖြစ်သော တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှု ခံယူနေကြရသည့် ကျောင်းသား/ကျောင်းသူများ နစ်နာမှုမရှိစေရန် ရည်ရွယ်လျက် ဆေးရုံစာဖြေဌာန ၃ ခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီး ဆေးရုံကြီးတို့၌ ဖွင့်လှစ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
Mar 05, 2020
နေပြည်တော် မတ် ၆
ဘဏ္ဍာနှစ်အလိုက် လျာထားသတ်မှတ်ထားရှိသည့် စီမံကိန်းလုပ်ငန်းများ အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ဘဏ္ဍာငွေကြေး လေလွင့်ဆုံးရှုံးမှုမရှိစေရန် ပြဋ္ဌာန်းသတ်မှတ်ထားသော ဥပဒေလုပ်ထုံးလုပ်နည်းမူဝါဒများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယမန်နေ့ နံနက် ၁၁ နာရီက နေပြည်တော် ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ကျင်းပသည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောသည်။
Mar 05, 2020
မန္တလေး မတ် ၆
မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် အဆုတ်ရောဂါလက္ခဏာကြောင့် စောင့်ကြည့်နေသည့် အသက် ၆၈ နှစ်အရွယ် အမျိုးသမီး ယနေ့မနက်ပိုင်းတွင် သေဆုံးသွားကြောင်း သိရသည်။
"တစ်သျှူးနမူနာ စစ်ဆေးတာက အဖြေမထွက်သေးဘူး။ အဖြေက ဒီညနေပိုင်းမှာ ရမှာဖြစ်တယ်"လို့ မန္တလေးဆေးရုံကြီး ဒုတိယဆေးရုံအုပ် ဒေါက်တာခင်ကျော် ကပြောသည်။
ပြီးခဲ့တဲ့ ၄ ရက်နေ့ ညနေပိုင်းက မန္တလေးဆေးရုံကြီးကို ဆီးချိုရောဂါဖြင့်တက်ရောက် ဆေးကုသနေစဉ် အဆုတ်ရောဂါလက္ခဏာကို တွေ့ရှိခဲ့သောကြောင့် ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။
Mar 05, 2020
ဖားဆောင်း မတ် ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်နိုင်ငံအခြေစိုက် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် နီပွန်ဖောင်ဒေးရှင်း ( စေတနာအဖွဲ့) တို့ ပူးပေါင်းဆောက်လုပ်သည့် ခဲမဖြူကျေးရွာရှိ အမှတ်(၂) အခြေခံမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၂) နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 05, 2020
ပုသိမ် မတ် ၆
တိုင်းဒေသကြီး အစိုးရအနေဖြင့် အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး အောင်မြင်မှုများရရှိသော အားကစားသမားများကိုလည်း ဂုဏ်ပြုပေးလျက်ရှိရာ အကြိမ် (၃၀) မြောက် SEA Game ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ အားကစားသမားများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော တိုင်းဒေသကြီးအသင်းအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 05, 2020
လွိုင်ကော် မတ် ၆
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ယနေ့နံနက် ၁၀ နာရီအချိန် က ရွှေအင်းသား (မှုံပြာ) ပရဟိတအသင်း မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အသင်းအတွက်လိုအပ် လျက်ရှိသော မိလ္လာပုံး(၂)ပုံးဝယ်ယူ နိုင်ရန်အတွက် ငွေကျပ်(၄)သိန်းအား ထောက်ပံ့ ပေးအပ်ခဲ့သည်။
Mar 05, 2020
နေပြည်တော် မတ် ၅
မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် (၆)ကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် Horizon Lake View Resort Hotel ၌ ကျင်းပသည်။
ရှင်းလင်းပြောကြား
Mar 05, 2020
နေပြည်တော် မတ် ၅
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် UNDP တို့ ပူးပေါင်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ ဦးစီးဌာန များတွင် တာဝန်ယူဆောင်ရွက်လျက်ရှိသော အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) မှ အဂတိလိုက်စားမှုဖြစ်နိုင်ချေ ဆန်းစစ်မှုအလုပ်ရုံ ဆွေးနွေးပွဲ (Corruption Prevention Risk Assessment Training Workshop) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။
ပြောင်းလဲဆောင်ရွက်လျက်ရှိ
Mar 05, 2020
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၃/၂၀၂၀) ဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ပြန်လည်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။
၂။ နိုင်ငံတော်သမ္မတက လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်နိုင်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီရေးတို့မှာ “ကျွဲကူးရေပါ” ဆိုသလို ထိန်းသိမ်းစောင့်ရှောက်ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူ့အခွင့်အရေးကို အထူးထိန်းသိမ်းပေးစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
Mar 05, 2020
ရန်ကုန် မတ် ၅
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်သည် အချိန်ပြည့် အလုပ်အမှုဆောင်များ ဖြစ်သည့် ဒေါက်တာတင်ညွန့်နှင့် ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ ရခိုင်ပြည်နယ် စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ် ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းတို့နှင့်အတူ မတ် ၄ ရက်တွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ရှိ အမေရိကန် ကြက်ခြေနီအသင်းရုံးချုပ်တွင် အမေရိကန်ကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ချီးမြှင့်သည့် “အပြည်ပြည်ဆိုင်ရာ လူမှုကရုဏာလုပ်ငန်းဆု (The International Humanitarian Services Award)” ကို အသင်းကိုယ်စား လက်ခံရယူခဲ့သည်။
Mar 05, 2020
ရန်ကုန် မတ် ၅
ဗြိတိန်နိုင်ငံ လိုက်ဒန်တက္ကသိုလ်နှင့် မစ်ဒယ်ဆက်စ်တက္ကသိုလ်တို့မှ နိုင်ငံတကာ ဥပဒေပညာရှင် ပါမောက္ခ မစ္စတာ ဝီလျံရှေးဘတ်စ် သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ICJ အတွေ့အကြုံများနှင့် နိုင်ငံတကာ ဥပဒေဆိုင်ရာများကို ဟောပြောသည်။
Mar 05, 2020
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဂိမ်းအလွန်အကျွံစွဲလမ်းခြင်း (Gaming Disorder) ကို ရောဂါတစ်ရပ်အဖြစ် ၂၀၁၈ ခုနှစ် အတွင်းက စာရင်းသွင်းခဲ့သည်။ တန်ဆေး လွန်ဘေးဆိုသည့် ဆိုရိုးစကားအတိုင်းပင် ဗီဒီယိုဂိမ်းကစားခြင်းတွင် အကောင်း အဆိုး ဒွန်တွဲနေပြီး အလွန်အကျွံ ကစားမှုများကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။
Mar 05, 2020
အမျိုးသားရေးတာဝန်ဆိုသည်မှာ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားအတွက် တစ်မျိုးသားလုံး မဖြစ်မနေ ပါဝင်ထမ်းရွက်ကြရမည့်တာဝန်ကို ဆိုလိုသည်။ မူးယစ်ဆေးဝါးပြဿနာဖြေရှင်းရေးသည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေးတာဝန်ဖြစ်ပြီး မျက်မှောက်ကာလ တစ်ကမ္ဘာလုံးပျံ့နှံ့ ဖြစ်ပွားနေသည့် COVID-19 ရောဂါ ကာကွယ်ဖြေရှင်းရေးသည်လည်း လူသားအားလုံး နှင့်သက်ဆိုင်သည့် အမျိုးသားရေး တာဝန်ဖြစ်သည်။
Mar 05, 2020
နေပြည်တော် မတ် ၅
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။
