Dec 15, 2020
(၄)ကြိမ်မြောက် မြန်မာ−ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ က အိမ်ရှင်အဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 15, 2020
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများကို ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် လူဦးရေအကန့်သတ် ဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်သော်လည်း ယခင်နှစ်များကဲ့သို့ အားကစားပြိုင်ပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပ zတော့မည်မဟုတ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မှာကြားသည်။
Dec 15, 2020
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်မည်
Dec 15, 2020
ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည်ဖွင့် လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၆ ရက်တွင် ပြည်တွင်းလေကြောင်းလိုင်းများ ဖွင့်လှစ်သွား ရန်လျာထားကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်းမှ သိရသည်။
Dec 15, 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများ၌ လုပ်အားပေးဆောင်ရွက် ရန် စေတနာ့ဝန်ထမ်းဆရာဝန်များ လိုအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်းမှ သိရသည်။
Dec 15, 2020
အရာထမ်းငယ် အခြေခံသင်တန်းအမှတ်စဉ်(၁၁၇)ကို Online Learning System ဖြင့် ဖွင့်လှစ်ပို့ချခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟို ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ဝင်းဟန်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး (ဝဲအောက်ပုံ)ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာ ဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Dec 15, 2020
မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အွန်လိုင်းရုပ်ရှင်ပဟေဠိပြိုင်ပွဲ (8 PM Quiz Night Show) ကို ဒီဇင်ဘာ ၁၃ ရက် ည ၈ နာရီတွင် 7Day TV Facebook စာမျက်နှာမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ကျင်းပခဲ့သည်။
Dec 15, 2020
ကုလသမဂ္ဂ၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ချီလီနှင့်အီတလီတို့နှင့် မိတ်ဖက် ပူးပေါင်း၍ ပါရီသဘော တူညီချက် (၅) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အဖြစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပခဲ့သည့် climate Ambition Summit ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဗီဒီယိုဖြင့် မိန့်ခွန်းတစ်ရပ်ပြောကြားပြီး ရာသီဥတုပြောင်းလဲမှု ကို တုံ့ပြန်ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံ၏ ကတိကဝတ်များကို ကြေညာ ခဲ့သည်။
Dec 15, 2020
ကမ္ဘာ့သမိုင်းတွင် ပထမဆုံးအဖြစ် တက်သုတ်ရိုက်ရှာဖွေစမ်းသပ် ဖော်ထုတ်လိုက်ရသည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများအဖြစ်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအချို့ ပေါ်ထွက်လာပြီ ဖြစ်သည်။ ကာကွယ်ဆေး၏အာနိသင်များနှင့်စပ်လျဉ်း၍ အာမခံနိုင်ရန်အတွက် ပြည့်စုံလုံ လောက်သော စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရန် အချိန်ပြည့် သည်အထိ မစောင့်နိုင်ဘဲ ထုတ်လုပ် လိုက်ရသည့်ကာကွယ်ဆေး များကိုပင် ကမ္ဘာ့နိုင်ငံအသီးသီးတို့က မြန်နိုင်သမျှမြန်မြန်ရဖို့အရေး လုံးပန်းနေကြရပြန်သည်။
Dec 14, 2020
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် ဆရာသမဂ္ဂများ၊ ဆရာအသင်း အဖွဲ့များ၊ ဆရာဆရာမများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Dec 14, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှား နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၂၀)နှင့် မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးဖြစ်သည့် မြန်မာနိုင်ငံသား (၄၇)ဦးပါဝင်သည့် မြန်မာနိုင်ငံသား စုစုပေါင်း (၁၆၇)ဦးအား ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Dec 14, 2020
မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ၎င်းလက်အောက်ဌာနမှ ဝန်ထမ်းများသည် နိုင်ငံတော်မှ ချမှတ်ပေးသော သင်တန်းကြေးများ၊ ရုံး အဆောက်အဦများအတွက် အသုံးစရိတ်များအား ကိုယ်ကျိုးသုံးစွဲ၍ အဂတိလိုက်စားမှု ကျူးလွန်နေမှုများကို အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။
Dec 14, 2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်အတွင်း အရေးကြီး နေရာများတွင် CCTV ကင်မရာများ တပ်ဆင်ခြင်းနှင့် Command and control centre အဆောက်အဦဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးဝန်းအတွင်းရှိ အဆိုပါအဆောက်အဦ၌ ကျင်းပခဲ့သည်။
Dec 14, 2020
ပဲခူးမြို့ ရန်ကုန်-မန္တလေးကားလမ်း၊ ကျောက်တွင်းကုန်းလမ်းဆုံတွင် ဒီဇင်ဘာ ၁၄ရက် နံနက်ပိုင်းအချိန်က ပဲခူးခရိုင် ကိုဗစ်-၁၉ကာကွယ်၊ ကုသရေးနှင့် အရေးပေါ် ထိန်းချုပ်ရေး ကော်မတီမှ ဆောင်ရွက်နေသည့် ကိုဗစ်ညွှန်ကြားချက်များအား ပြည်သူများလိုက်နာနိုင်ရေး အတွက် အသိပညာပေးဆောင်ရွက်မှုတွင် တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 14, 2020
ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရေးအတွက် လေကြောင်းလိုင်းများ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အကြောင်းကြားစာများ ပေးပို့ထားကြောင်း သိရသည်။
Dec 14, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် အမေရိကန်ပြည်ထောင်စု၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးနှင့် ဆိုးလ်မြို့ရှိ မြန်မာသံရုံးတို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၆ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Dec 14, 2020
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် ပါမောက္ခချုပ်များကော်မတီ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများ၊ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 14, 2020
မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ်သောနိုင်ငံဖြစ်သည်။ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် အချုပ်အခြာအာဏာ ခက်မသုံးဖြာတို့ တည့်မတ်မှန်ကန်ခိုင်မာစွာဖြင့် အပြန်အလှန် ထိန်းကျောင်းမှုအောက်တွင် ပြည်သူများ လုံခြုံစိတ်ချပြီး အေးချမ်းစွာ နေထိုင်နိုင်ရေး ဆောင်ရွက်ပေးနေသည်။
Dec 14, 2020
ကိုဗစ်-၁၉ ရောဂါပိုးက ယနေ့ထက်တိုင် အင်အားကောင်းကောင်းဖြင့် ကမ္ဘာလှည့် ခြိမ်းခြောက်နေဆဲဖြစ်သည်။ ရောဂါပိုးကူးစက်ပြီးသည်မှာ ကမ္ဘာတစ်ဝန်းတွင် စုစုပေါင်း ၇၃ သန်းနီးပါးရှိနေပြီး ရောဂါကြောင့်အသက်ဆုံးရှုံးရသည်မှာ တစ်သန်းခွဲကျော်နေပြီတည်း။
