Skip to main content

Dec 22, 2020

နေပြည်တော်၊ ဒီဇင်ဘာ ၂၂

အင်းတော်မြို့နယ်၊ အင်းတော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက်ည ၁၁ နာရီခွဲတွင် အင်းတော်မြို့နယ်၊ နဘားကျေးရွာအုပ်စု၊ နဘားကျေးရွာအနီး တွင် အိုက်ငို့မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ကိုလင်း(ခ)ငလင်း မောင်းနှင်လာသော မော်တော်ဆိုင် ကယ်တို့ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ကိုလင်း(ခ)ငလင်းမှာ ဆိုင်ကယ်ထား၍ ထွက်ပြေးသွားသော ကြောင့် ၎င်းဆိုင်ကယ် ၂ စီးအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၂,၉၄၀ ကိုလည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2020

နေပြည်တော် ဒီဇင်ဘာ ၂၂

ကြံသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက Virtual Meeting စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2020

(၁၅) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့တို့အကြား ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2020

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များသို့ ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2020

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာနနှင့် International Justice Mission (IJM) တို့ပူးပေါင်း၍ "Trauma Informed Care" သင်တန်းကို Online Training အဖြစ် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2020

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့ ပူးပေါင်း၍ ပြည်သူလူထုအခြေပြု ကိုဗစ်ကပ်ရောဂါ ဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဉ် (Online Community COVID Counselling-CCC) ကို ဆောင်ရွက်သွားမည်ဖြစ်ရာ လက်ရှိဝန်ဆောင်မှုပေးနေသည့် Hotline ဖုန်းများအနက်မှ ၀၉ - ၇၇၀ ၇၇၀ ၀၀၁ (Telenor)၊ ၀၉ - ၇၇၀ ၇၇၀ ၀၁၁ (Telenor)၊ ၀၉ - ၉၈၀ ၀၀၀ ၁၁၂ (Ooredoo)၊ ၀၉ - ၉၈၀ ၀၀၀ ၁၁၃ (Ooredoo) တယ်လီဖုန်းနံပါတ်များသို့ အခမဲ့ခေါ်ဆို၍ ဝန်ဆောင်မှု ရယူနိုင်ကြောင်းနှင့် နေ့စဉ်နံနက် ၉ နာရီမှ ည ၁၀ နာရီအထိ ဝန်ဆောင်မှု ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2020

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးအောင်မြင်ထွန်းနှင့် ဦးတင်ထွန်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းရှင်များ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2020

အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ Initiative for ASEAN Integration (IAI) Work Plan IV (2021-2025) ရေးဆွဲချမှတ်ထားပါသည်။ ၎င်း Work Plan ကို အကောင်အထည်ဖော်ရာတွင် အဆင်ပြေချောမွေ့မှု ရှိစေရေးအတွက် Annual Initiative for ASEAN Integration (IAI) Review Virtual Meeting အား ယမန်နေ့တွင် ကျင်းပခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဒေဝ တက်ရောက်ဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2020

ရေကြည်မြို့နယ် ငဝန်မြစ်အတွင်းရှိ ပိုက်သောင်တင်ဒါချက်များအနက်မှ ရပ်ရွာအခြေပြု ငါးလုပ်ငန်း အစုအဖွဲ့များသို့ ခွင့်ပြု ချထားပေးလျက်ရှိသော တင်ဒါချက်အစုအဖွဲ့များအား ယမန်နေ့က ရေကြည်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၌ မြို့နယ်ဦးစီး ဌာနမှူး ဦးမျိုးလွင်က ၂၀၁၈ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးခြင်း၊ ရပ်ရွာအခြေပြု ငါးလုပ်ငန်းအစုအဖွဲ့များနှင့် ပတ်သက်သော ပြဋ္ဌာန်းချက်များ၊ အစုအဖွဲ့ဝင်များနှင့် ကော်မတီဝင်များ၏ အရည်အချင်း သတ်မှတ်ချက်များ၊ တားမြစ်ချက်များ ပြစ်မှု၊ ပြစ်ဒဏ် ပြဋ္ဌာန်းချက်များ ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2020

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ကုက္ကိုလ်ဝ တံတားအနီးရှိ ရေနက်ကွင်းနေရာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ကြီးကြပ်မှုဖြင့် စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ထိုစီမံကိန်းဆောင်ရွက်စဉ်အတွင်း တွင်လည်း အလုပ်အကိုင်များ ရရှိမည်ဖြစ်ပြီး စက်မှုဇုန်များ အသက်ဝင်ပါက ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ လုပ်သားတစ်သိန်းကျော် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၂၀ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ (၂၉) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးတွင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားရာ၌ အစိုးရ-ပုဂ္ဂလိကကဏ္ဍနှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို နက်ရှိုင်းခိုင်မာစွာ တည်ဆောက်နိုင်မည်ဆိုလျှင် အလုပ်အကိုင်အခွင့်အလမ်း သစ်များ၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်များ ဖော်ထုတ်ပေးနိုင်မှာဖြစ်ပြီး ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောမှုများကို ပြည်သူများအတွက် ဖော်ဆောင် ပေးနိုင်မည်ဟု ယုံကြည်ထားကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2020

နှစ်တစ်နှစ် ကုန်ဆုံးခါနီးခဲ့ပြီ။ ကမ္ဘာသုံး ပြက္ခဒိန်အရ ခရစ်နှစ် ၂၀၂၀ မှသည် ၂၀၂၁ သို့ ကူးပြောင်းရန် အရှိန်ယူနေပါပြီ။ ပုံမှန်အတိုင်း နှစ်သစ်ကူးခဲ့ကြသည့် အစဉ်အလာအရဆိုလျှင် ယခုလိုအချိန်က ပွဲတော်များ၊ မီးရောင်စုံများ၊ အလုပ်များ၊ ကျောင်းများ၏ ပိတ်ရက်ရှည်များဖြင့် စည်ကားသိုက်မြိုက် မြူးထူးနေကြချိန်။

ဆက်လက်ဖတ်ရှုရန်

Dec 21, 2020

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 21, 2020

(၂၀-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၁-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၁,၀၁၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၈၄၈) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 21, 2020

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ NSSA Web Portal ဒုတိယအဆင့် လုပ်ငန်းစဉ် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 21, 2020

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်အထိမ်းအမှတ် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ အကြိမ် (၂၀) မြောက် သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 21, 2020

COVID-19 ကူးစက်ရောဂါ ကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသား (၁၃၅) ဦးအတွက်

ဆက်လက်ဖတ်ရှုရန်

Dec 21, 2020

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲခြင်းအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ ဆရာမများနှင့် ညှိနှိုင်းအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 21, 2020

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်းတွင် နေထိုင်သူများအား ပြန်လည်နေရာချထားရေးနှင့် စခန်း ပိတ်သိမ်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် Virtual Meeting စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 21, 2020

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ကိုယ်ဝန် ဆောင် မိခင်များနှင့် ၎င်းတို့မှမွေး ဖွားလာသော အသက် ( ၂ ) နှစ်အောက် ကလေးငယ် များအား ငွေကြေး ထောက်ပံ့ခြင်းအစီအစဉ် ( MCCT ) ဆွေးနွေးဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပင်းတယမြို့ မဲနယ်တောင် ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်