Aug 20, 2021
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီက အင်းစိန်မြို့နယ် ဖန်ချက်စက်လမ်းရှိ စံပြချမ်းမြေ့စည်ပင်အိမ်ရာဝင်း၌ ရန်ကုန် မြို့တော် စည်ပင် သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ကြီးကြပ်မှုဖြင့် မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနမှ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန လိုင်စင်စီများမှ အသားမျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံ များဌာနမှ ငါး/ပုစွန်အမျိုးမျိုးတို့ကို ရွေ့လျားဈေးကားစနစ်ဖြင့် ရောင်းချနေမှု ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။ ။
Aug 20, 2021
လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြေ ရွှေလက်လှစေတီတော်၊ ဇမ္ဗူရာဇ်သိဂီသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။အခမ်းအနားသို့ နေပြည်တော် လယ်ဝေးမြို့ နယ် မြို့ဦးတိုက်သစ်သံလမ်း ပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တသုဇန အမှူးပြုသော ဆရာတော်ကြီးသုံးပါး ကြွရောက်တော် မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုသည်။
Aug 20, 2021
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊နှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားများ လွှမ်းမိုး လာစေရန် လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများ အသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်နေကြောင်း သိရသည်။
Aug 20, 2021
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင် အမျိုးသား ၂ ဦးက အရပ်သားပြည်သူ ၁ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ငွေကျပ်သိန်း ၇၀၀ အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
Aug 20, 2021
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်နယ်မြေ အတွင်းရှိ မြန်မာ့စာတိုက် လုပ်ငန်း(ရုံးချုပ်)၊ နေပြည်တော်ဗဟို စာတိုက်ကြီး၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းဒေတာစင်တာနှင့် မိုဘိုင်း ဆက်သွယ်ရေးအိတ်ချိန်း၊ မြန်မာ့မီးရထား နေပြည်တော်ဘူတာကြီးနှင့် စက်ခေါင်းသစ် တပ်ဆင်ထုတ် လုပ်ရေးစက်ရုံ (နေပြည်တော်) တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Aug 20, 2021
ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက လစဉ်ရောင်းချ ပေးလျက်ရှိသည့် အကြိမ် (၃၀) မြောက် အောင်ဘာလေထီမှစ၍ ထီလက်မှတ်ရောင်းရ ငွေ၏ ရာခိုင်နှုန်း ၇၀ ကို ဆုကြေးအဖြစ် တိုးမြှင့်ပေးမည်ဖြစ်ပြီး ထီဆုငွေအားလုံးကို အကန့်အသတ်မထားဘဲ အပြည့်အဝထုတ်ယူခွင့်ပြုကြောင်း သြဂုတ်လ ၁၈ ရက်နေ တွင် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးကြေညာခဲ့သည်ကို ကြားသိရသည်။
Aug 20, 2021
မြန်မာနိုင်ငံကိုဗစ်-၁၉ တတိယလှိုင်းတွင် မြို့နယ်အချို့ကို Stay at Home ချမှတ်ခဲ့ရပြီး ယနေ့ထိတိုင်လည်း Stay at Home မြို့နယ်များ လိုအပ်သလို သတ်မှတ်နေရဆဲဖြစ်သည်။ Stay at Home ခေါ် အိမ်မှာ သာနေရသည့် အစီအစဉ်ကို ချမှတ်ခြင်းမှာ ပြင်ပအသွားအလာများ လျော့ကျသွားစေရန်အတွက် ကန့်သတ်ထိန်းချုပ်ခြင်း ဖြစ်သည်။ ရရှိ လာမည့် အကျိုးရလဒ်မှာ လူတစ်ဦးနှင့်တစ်ဦး ထိတွေ့မှုလျှော့ချနိုင် ကာ ရောဂါကူးစက်ပျံ့နှံ့မှုလမ်းကြောင်းများ ပြတ်တောက်သွားခြင်း ဖြင့် ရောဂါကူးစက်မှုမြင့် တက်နေသည့်အခြေအနေကို တားဆီးနိုင် ခြင်းပင်ဖြစ်သည်။ လူဦးရေထူထပ်သော မြို့ကြီး များတွင် အများ ပြည်သူရုံးပိတ်ရက်ရှည် သတ်မှတ်ခြင်းနှင့် အိမ်မှာသာနေရမည့် အစီ အစဉ်ချ မှတ်ခြင်းတို့၏ အကျိုးကျေးဇူးကြောင့် ကပ်ရောဂါကူးစက် ပျံ့နှံ့မှု သိသိသာသာလျော့ ကျသွားခဲ့သည်ကို တွေ့ရသည်။
Aug 19, 2021
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် ကမ္ဘောဒီးယားနိုင်ငံအစိုးရနှင့် ပြည်သူများက အထောက်အကူပြု ဆေးပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အပြည် ပြည်ဆိုင်ရာလေဆိပ် ၌ကျင်းပသည်။
Aug 19, 2021
စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံ၊ အလုပ်ရုံများ ပြန်လည် လည်ပတ်နိုင် ရေး အတွက်လို အပ်သော သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး နိုင်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်အစည်းအဝေးခန်းမ၌ COVID-19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
Aug 19, 2021
နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဥပဒေနှင့်အညီ နိုင်ငံသားအဖြစ် အကျုံးဝင်သူ များကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုရုံးပိတ်ရက် သတ်မှတ်ကာလ များတွင်လည်း ပန်းခင်းစီမံချက်ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအဖြစ် ဝန်ကြီး ဌာနမှဆောင်ရွက် ရန်၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်နှင့် မီဒီယာဖြင့် ပြည်သူများသို့ အသိပေး ဆောင်ရွက်ရန်စသည့် အပိုင်း (၃) ပိုင်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
Aug 19, 2021
အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ (SEACEN Centre) က ကြီးမှူးကျင်းပသည့် SEACEN Virtual High-Level Seminar and Meeting of Deputy Governors of Financial Stability and Supervision ဒုတိယဥက္ကဋ္ဌများ၏ အစည်း အဝေးကို ယမန်နေ့ နံနက် (၇) နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Aug 19, 2021
ရှမ်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ််အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 19, 2021
သရက်မြို့စစ်လက်နက်စက်ရုံမှ စစ်သား ၁၅ ဦး လက်နက်များဖြင့်ထွက်ပြေးဆိုသည့် ဖြစ်စဉ် နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးအား မေးမြန်းခဲ့ရာ “သရက်မြို့ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံက တပ်မတော်သား ၁၅ ဦး လက်နက်များဖြင့် ထွက်ပြေးသွားတယ်ဆိုပြီးတော့ Mizzima သတင်းဌာနကနေ ဖော်ပြထားတာကို တွေ့ရပါတယ် ၊ ဒါ့အပြင် ထားဝယ်မြို့တွင် တပ်မတော်သား ၂၅ ဦး လက်နက် အပြည့်အစုံဖြင့် ထွက်ပြေး တယ်ဆိုပြီး Khit Thit Media ကလည်း ဖော်ပြနေပါတယ်။ အဲဒီသတင်းတွေက သတင်း အမှားပဲဖြစ်ပါတယ်။ လုံးဝမရှိပါဘူး။ အကြမ်းဖက်သမားတွေ ဖမ်းဆီး ထိန်းသိမ်းခံရမှုများနေပြီး ထွက်ပြေးတိမ်းရှောင်နေရတာတွေ များပြားနေတဲ့အတွက် အကြမ်းဖက်သမားတွေ စိတ်ဓါတ် ပြန်တက်ကြွလာအောင် ဝါဒဖြန့်ထုတ်ပြန်ပေးနေတဲ့ သတင်း တွေဖြစ်ပါတယ်။ အဲလိုသတင်းမျိုး တွေကို ဒီသတင်းဌာနတွေကနေ မကြာခဏဆိုသလို မဟုတ်မမှန် ရေးသားဖော်ပြနေကြတာ ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ ဒီသတင်းဌာနတွေရဲ့ သတင်းကို မယုံကြဖို့ သတင်းပေး လိုပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
Aug 19, 2021
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် မိုးညှင်းမြို့နယ် နန့်မွန်းမြို့ လုံးစန့်ကျေးရွာအနီး၌ မြင့်နိုင် မောင်းနှင်ပြီး ကျော်လှ လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၇၀၀ နှင့် ဓားမြှောင်တစ်ချောင်းတို့ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၁ နာရီတွင် ဘားအံမြို့နယ် ဘားအံ-အိန္ဒုသွားကားလမ်း ကော့ခမိတ်ကျေးရွာ ကော့ခမိတ်တောင်ကြားလမ်း၌ ထိန်လင်းအောင် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကိုလည်းကောင်း။
Aug 19, 2021
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် ၁၆ မိုင် စစ်ဆေးရေးစခန်း ၌ ငွေကျပ်သိန်း ၃၄၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၄၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Aug 19, 2021
မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ တတိယ(၅)နှစ် စီမံကိန်း (၂၀၁၇-၂၀၂၁)၊ ၂၀၂၁ ခုနှစ် လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက Zoom Meeting ဖြင့် ကျင်းပသည်။
Aug 19, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် ပိတ်ရက်မရှိ စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 19, 2021
အခြေခံအဆင့် ခွဲစိတ်ထားသော သစ်ခွဲသားများကို ပြည်ပတင်ပို့ခွင့် မပြုတော့ဘဲ တစ်ဝက်တစ်ပျက် ကုန်ချော (Semi-finished) နှင့် ကုန်ချော (Finished) များကိုသာ ပြည်ပတင်ပို့ခွင့်ပြုခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကျင့်သုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက ပြောကြားသည်။
Aug 19, 2021
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက် ရှိသည်။
