Oct 27, 2025
အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် PDF အဖွဲ့များအားတစ်ဖက်တစ်လမ်းမှ ထောက်ပံ့လှူဒါန်းစေရန်၊ လူငယ်လူရွယ်များ၏မသိစိတ်များအတွင်း တပ်မတော်အပေါ်အထင်အမြင်လွဲမှားစေရန်နှင့် တော်လှန်လိုစိတ်တိုးပွားလာစေရန်စသည့်ရည်ရွယ်ချက်များဖြင့် NUG,CRPH လက်အောက်ခံ အကြမ်းဖက်အဖွဲ့အစည်းများက PDF Game Application များ တီထွင်ဖန်တီးအသုံးပြုလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် PDF Game ဆော့ကစားခြင်းသည် အကြမ်းဖက်အဖွဲ့အား ထောက်ပံ့ခြင်းဖြစ်၍ ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေးအပ်ပါသည်။
Oct 27, 2025
ကျေးလက်နေပြည်သူလူထု၏ စုပေါင်းဆုံးဖြတ်ချက်များကို ပူးပေါင်းပါဝင်မှုအားဖြင့်အကောင်အထည်ဖော်စေပြီး ရပ်ရွာအခြေပြုကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးနည်းဗျူဟာ ဖွံ့ဖြိုးလာစေရန်၊ ကျေးရွာခေါင်းဆောင်များ၊ ကျေးရွာသူကျေးရွာသားများ၊ စီမံကိန်းတွင်ပါဝင်သည့် ဝန်ထမ်းများကို စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းများပေးခြင်းဖြင့် အသိအမြင်များပြောင်းလဲလာပြီး စီမံကိန်းအောင်မြင်အောင် <
Oct 27, 2025
ပြင်ဦးလွင်- လားရှိုးကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) အား နိုင်ငံတကာအဆင့်မီအပန်းဖြေစခန်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင်စတင်ဖွင့်လှစ်၍ အနယ်နယ်အရပ်ရပ်မှ လာရောက်လေ့လာအပန်းဖြေသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
Oct 27, 2025
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများလိုအပ်သော ကုသမှုများကို ကုန်ကျစရိတ်သက်သာစွာ အလွယ်တကူလက်လှမ်းမီရရှိစေရန်နှင့် လူတိုင်းသက်တမ်းစေ့ သက်ရှည်ကျန်းမာစွာနေနိုင်ရေးအတွက် ရောဂါများကိုစောစီးစွာသိရှိပြီး ကုသမှုခံယူနိုင်စေရန်ရည်ရွယ်၍ ပြည်သူ့ဆေးရုံကြီးများမှ ဘာသာရပ်အလိုက် အထူးကုဆရာဝန်ကြီးများပါဝင်သည့်ကွင်းဆင်းကုသမှုအစီအစဉ်များကို တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Oct 27, 2025
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ (၃၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ဇေယျာသီရိမြို့နယ် ရေဆင်းရှိ အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Oct 27, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စူးကျိုးမြို့သို့ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ကျန်းစုပြည်နယ် ရုဒုံမြို့ ဟွန်ကျန်းပင်လယ်ကွေ့အပြင်ဘက်ရှိ ဒီရေတောကမ်းခြေတွင် China Longyuan Power Group Corporation Limited မှ တည်ဆောက်ထား သော ကုန်းတွင်း၊ ဒီရေတောနှင့် ကမ်းလွန်တို့တွင် တပ်ဆင်အင်အား ၄၈၀ မဂ္ဂါဝပ်ရှိသည့် Ru Dong Huan Gang Offshore Wind Farm ကမ်းလွန်လေအားလျှပ်စစ်စက်ရုံသို့ သွားရောက်လေ့လာကြသည်။
Oct 27, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီစျေးနှုန်းများ
Oct 27, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို စတင်ကျင်းပတော့မည်ဖြစ်သည်။ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများကို တစ်ဆင့်ပြီးတစ်ဆင့်ဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲကို အပိုင်းလိုက် တစ်ဆက်တည်းကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲမပြုလုပ်နိုင်ခဲ့သည့် မြို့နယ်များကိုလည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပချိန်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။
Oct 27, 2025
ကမ္ဘာကြီးပိုမိုပူနွေးလာမှုက ကမ္ဘာ့ရာသီဥတုကိုဖောက်ပြန်ပြောင်းလဲစေသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ရာသီဥတုပြောင်းလဲမှုနှင့် မိုးလေဝသဖြစ်စဉ်များကလည်း ယခင်ကမကြုံခဲ့ဖူးသည့် ပိုမိုပြင်းထန်ကြမ်းတမ်းသည့်ဖြစ်စဉ်များ ပိုမိုဖြစ်လာနေသည်။ ထိုနည်းတူစွာပင် ကမ္ဘာ့နိုင်ငံရေးအခြေအနေမှာလည်း ပြီးခဲ့သည့်ရာစုနှစ်နှင့် ကွဲပြားခြားနားသွားခဲ့ပြီဖြစ်သည်။ ပါဝါရွှေ့ပြောင်းမှုအသစ်၊ အားပြိုင်မှုအသစ်တို့နှင့် ကမ္ဘာသည်အချိန်မရွေး ပြုတ်ကျသွားနိုင်သည့် ချောက်ကမ်းပါး၏ အနားစွန်းတစ်လျှောက်တွင် ဒယိမ်းဒယိုင်လမ်းလျှောက်နေပြီး မည်သည့်နေရာမှ ပေါ်ပေါက်လာမည်မသိသော အန္တရာယ်တစ်စုံတစ်ရာကို မျှော်လင့်နေရသည်နှင့်တူနေသည်။
Oct 27, 2025
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်
Oct 27, 2025
အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်
Oct 27, 2025
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်
Oct 27, 2025
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်
Oct 26, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
Oct 26, 2025
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
Oct 26, 2025
တပ်မတော်က ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကိုဆောင်ရွက်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်ရရှိပြီးချိန်တွင် အစိုးရ၏အုပ်ချုပ်မှုယန္တရားပြန်လည်လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ပြန်လည်ဆောင်ရွက်ရေးစသည်တို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Oct 26, 2025
အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်၊ အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅/၂၀၂၅)၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်
Oct 26, 2025
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ မုန်တိုင်းငယ် သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၃၀ မိုင်ခန့်၊ ကာကီနာဒါမြို့ (Kakinada) ၏ အရှေ့တောင်ဘက် ရေမိုင် ၄၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၆ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ ၂၇-၁၀-၂၀၂၅ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ ၂၈-၁၀-၂၀၂၅ ရက်နေ့၌ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိ နိုင်ကာ ယင်းနေ့ညပိုင်းတွင် အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။
Oct 26, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
