Mar 16, 2025
၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်မျိုးဆက်သစ်လူငယ်များ ပြုစုပျိုးထောင်ရေးစီမံကိန်း (FLY Project 2025) လျှောက်လွှာခေါ်ယူ
Mar 16, 2025
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဓမ္မရေအေးကံကလေး ကျေးရွာအုပ်စုရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ကံကလေးကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Mar 16, 2025
နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇) ရှိ နဝင်းချောင်းတံတား ပေ ၁၉၀ အား နှစ်လမ်းသွားတံတားမှ လေးလမ်းသွားတံတားအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတံတား၌ ကျင်းပသည်။
Mar 16, 2025
နိုင်ငံခြားရေးဝန်ကြီးဌာနမှ အုပ်ချုပ်သူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းအောင်ကျော်ဦးစီးသည့် အငယ်တန်း အရာထမ်း ၃၀ သည် SSIFS တွင် မတ် ၁၇ ရက်မှ ၂၇ ရက်အထိ ဖွင့်လှစ်မည့် မြန်မာသံတမန်များအတွက် ဒုတိယအကြိမ် အထူးသံတမန်သင်တန်းသို့ တက်ရောက်ရန် ယနေ့တွင် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ထွက်ခွာသွားသည်။
Mar 16, 2025
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး) ၏ အစီအစဉ်ဖြင့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် -၂၀၂၅ (Yangon Investment Forum- 2025) ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။
Mar 16, 2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်ရုံမှူးများက သတ်မှတ်နေရာအသီးသီးမှ Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
Mar 16, 2025
မြန်မာနိုင်ငံ နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေကြသော ဒုစရိုက်ဂိုဏ်းများကို နိုင်ငံတကာနှင့်ပူးပေါင်းပြီး ဒုစရိုက်မှုနှိမ်နင်းရေးအသွင်ဖြင့် တက်ကြွစွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိရာ အဆိုပါဒုစရိုက်လုပ်ငန်းများအခြေအနေကို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရပေသည်။
Mar 16, 2025
မြန်မာနိုင်ငံသည် ၁၉၃၀ ပြည့်နှစ်ဝန်းကျင်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းအထိ တင်ပို့နိုင်ခဲ့ကာ ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့်နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ ယင်းနောက် ပြည်ပတင်ပို့နိုင်မှု ကျဆင်းလာခဲ့ရာ နှစ်ပေါင်း ၈၀ ကျော်ခန့်ကြာပြီးမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၃ ဒသမ ၆ သန်းကို ပြည်ပနိုင်ငံများသို့ ပြန်လည်တင်ပို့နိုင်ခဲ့သည်။ ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးနိုင်ငံများတွင် အာရှမှ အိန္ဒိယ၊ ပါကစ္စတန်၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် တရုတ်လည်း ပါဝင်နေသည်။
Mar 15, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ Asia World Port Terminal - AWPT ဆိပ်ကမ်းသို့ သွားရောက်၍ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ စွမ်းဆောင်နိုင်မှုအခြေအနေများနှင့် ကုန်သွယ်မှုဆိုင်ရာအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 15, 2025
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၉ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဟန်ဝင်းအောင် မောင်းနှင်ပြီး နိုင်မင်းထက်နှင့် စိုးမိုးအောင်တို့ လိုက်ပါလာသည့် NISSAN CONDOR ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်တွင် ဂျပ်စက္ကူအဟောင်းများ၊ ရေသန့်ဘူးခွံများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ပလတ် စတစ်ဆပ်ပြာခွက် ၃,၀၈၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၃၀ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၄ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်သူများဖြစ်ကြသည့် တင်ဝင်းအား ပြည်ကြီးတံခွန်မြို့နယ်၊ (ည) ရပ်ကွက်၊ ၁၃၉ (B) လမ်း၊ ၆၂ x ၆၃ လမ်းကြားတွင်လည်းကောင်း၊
Mar 15, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
Mar 15, 2025
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ - မယ်ထော်သလေးနှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းလျက်ရှိရာ ယနေ့တွင် တရုတ်နိုင်ငံသား ၁၅၈ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၃ ဦး ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။
Mar 15, 2025
၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ ကျင်းပမည်
Mar 15, 2025
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသားများအပေါ် အလေးအနက်ထား တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေတွင် အခက်အခဲတွေ့ကြုံရသည့်တိုင် မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့သည် သက်ဆိုင်ရာနိုင်ငံ သံရုံးများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာအမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 15, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Mar 15, 2025
(၂၉) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီ အစည်းအဝေး (29th ASEAN Senior Level Committee Meeting for Financial Integration) ကို ယမန်နေ့တွင် မလေးရှားနိုင်ငံ၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
Mar 15, 2025
ရခိုင်ပြည်နယ် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တော်တွင် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်နှင့် အဘယရာဇမုနိ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ကိန်းဝပ်စံပယ်တော်မူသည့် စံကျောင်းတော် နှစ်ဆောင်အား စိန်ဖူးတော်တင်လှူပူဇော်ခြင်းနှင့် အောင်မြေဌာပနာထည့်သွင်းပူဇော်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် လောကာနန္ဒာစေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း၌ကျင်းပရာ စစ်တွေမြို့ ကြွဖြူဘုန်းတော်ကြီးကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ တေဇဝန္တ အမှူးပြုသည့် သံဃာတော်များကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိ/မြို့ဖများ တက်ရောက်ကြသည်။
Mar 15, 2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ဘယက်စံပြကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (SMU) အဆောက်အအုံခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Mar 15, 2025
တောင်သူများ ပူးပေါင်းပါဝင်သော ဆင်းရွှေကြာ - ၂ နေကြာမျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ပသီရိမြို့နယ် ဘဲကုန်းစံပြစိုက်ကွင်း၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တက်ရောက်အားပေးသည်။
Mar 15, 2025
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေး အသုံးပြုရေးကော်မတီက ကြီးမှူးကျင်းပသည့် “Ecology of the Big City” ဆိုင်ရာ နိုင်ငံတကာဖိုရမ်၏ Sustainable environment of a metropolis: how to unleash the ecological potential (Plenary Session) ကို အွန်လိုင်းမှ တက်ရောက်ဆွေးနွေးသည်။
