Jan 26, 2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ ၂၆-၁-၂ဝ၂၁ ရက်နေ့၊ ( ၁၀ : ၀ဝ) နာရီ အချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုဝေးခန်းမ၌ ကျင်းပပြုလုပ်သော ၂ဝ၂၀ - ၂ဝ၂၁ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဝယ်ယူမည့် လုပ်ငန်းသုံး/ရုံးသုံး စက်ကိရိယာ ပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေး ကော်မတီမှ စျေးနှုန်းစိစစ်ခဲ့ရာ တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများမှ ယှဉ်တွဲပါစျေးနှုန်းနှင့် အရေအတွက်ဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေငြာအပ်ပါသည် -
Jan 26, 2021
၂၆-၁-၂ဝ၂၁ ရက်နေ့၊ (၁၀ : ၀ဝ)နာရီ အချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန ၊ ဝန်ကြီးရုံး စုဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် (၂၀၂၁-၂၀၂၂ ပညာသင်နှစ်)အတွက် အခြေခံပညာကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရန်နှင့် အခြားပုံနှိပ်လုပ်ငန်းများတို့အတွက်
Jan 26, 2021
မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်အတွက် အပြီးသတ် အစီရင်ခံသည့် အစည်းအဝေးအား Virtual ပုံစံဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ဝန်ကြီးဌာနတွင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 26, 2021
e-ID စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်း စီမံကိန်းလုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 26, 2021
နိုင်ငံတော်အစိုးရမှ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများနေထိုင်ရေး အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီတို့နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းပြီး ပြည်သူ့အငှားအိမ်ရာ (Public Rental Housing) အခန်းပေါင်း (၁) သောင်း တည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 26, 2021
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စ ဂျောင်ဟေခယောင်း အား ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jan 26, 2021
(၂၅-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၆-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၉,၆၆၇) ခုအားစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၄၁၁) ဦး တွေ့ရှိရပါသည်။
Jan 26, 2021
နေပြည်တော် ဇန်နဝါရီ ၂၆
Jan 26, 2021
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့် ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု ဖြင့် ကမာရွတ်မြို့နယ်အတွင်းရှိ စံရိပ်ငြိမ် ဂမုန်းပွင့်စင်တာနှင့် Junction Square တို့တွင် Stop ကိုဗစ်-၁၉ အဝါရောင် Mask Campaign အသိပညာပေးလှုပ်ရှားမှုကို ယမန်နေ့ ညနေ ၅ နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 26, 2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ WYNDHAM GRAND YANGON HOTEL တွင် ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် “Stop COVID အဝါရောင် Campaign” တွင် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) နှင့် ရန်ကုန်မြို့ရှိ ဟိုတယ်များမှ ပူးပေါင်းပါဝင်သည့် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။
Jan 26, 2021
ပဲခူးမြို့ သီရိမင်္ဂလာကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရန် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါ ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
Jan 26, 2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် တိုင်း/ခရိုင်/မြို့နယ် စာရင်းစစ်ရုံးဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးဝယ်ယူရန်အတွက် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံ အလှူငွေများ လာရောက် လှူဒါန်းခဲ့သည်။
Jan 26, 2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက JICA ၏ အစီအစဉ် ဖြင့်ရေးဆွဲ သည့် ပဲခူးမြို့၊ မြို့ပြစီမံကိန်း (၂၀၄၀)ဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ် သည်။
Jan 26, 2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
Jan 26, 2021
ဂျပန်- မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအဖြစ် ရန်ကုန်မြို့ ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဂျပန်- မြန်မာ ယဉ်ကျေးမှု ပွဲတော်ကို လာမည့် ဖေဖော်ဝါရီလဒုတိယပတ်တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါပွဲမှ ရရှိငွေများကို မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်း သွားမည်ဖြစ်ကြောင်း ဂျပန်- မြန်မာ ပွဲတော်ကျင်းပရေး ကော်မတီမှ သိရသည်။
Jan 26, 2021
အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက်ကော်မတီနှင့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ပထမ အကြိမ် မြန်မာကင်းထောက် ဆရာဖြစ်သင်တန်း (Woodbadge) ဖွင့်လှစ်နိုင်ရေး အွန်လိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။
Jan 26, 2021
အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းခဲ့သည့် COVISHIELD ကိုဗစ်ကာကွယ်ဆေးများအား စနစ်တကျ သိုလှောင်ထားရှိမှု၊ နေရာအနှံ့ ကာကွယ်ဆေးထိုးနှံနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကာကွယ်ဆေးများ ပို့ဆောင်ပေးနေမှု၊ ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများအား သင်တန်းများ ပေးကာ လေ့ကျင့်ပေးနေမှုနှင့် ကာကွယ်ဆေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ပြည်သူများသိရှိနိုင်စေရန် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
Jan 26, 2021
(၄) ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ခြင်း၊ ခရီးသွားလုပ်ငန်းများတွင် ခရီးသည်တစ်ဦးလျှင် အလုပ်အကိုင် လေးဦးခန့်ကို ဖန်တီးပေးနိုင်သဖြင့် ခရီးစဉ်များကို စီစဉ်ခြင်း၊ စားသောက်ဆိုင်၊ တည်းခိုခန်း၊ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်၊ ခရီးသွား ပို့ဆောင်မှုအစီအစဉ်များကို ပံ့ပိုးပေးခြင်း၊ ခရီးစဉ်အသစ်နှင့် အတွဲလိုက်ခရီးစဉ်စီစဉ်မှု (Package Tours) များကို ပြုလုပ်ပေးခြင်း၊ ခရီးစဉ်အသစ်များကို တိုးချဲ့စီစဉ်ခြင်း (New Destinations)၊ မြန်မာ့ လူနေမှုဘဝကို လေ့လာနိုင်သည့် အိမ်တွင်တည်းခိုခြင်း(Home Stay) နှင့် နေရာလပ်အိပ်ခန်းလွတ်များကို ဧည့်သည်များအား အင်တာနက်မှတစ်ဆင့် ငှားရမ်းခြင်း (Airbnb - Air Mattress bed and breakfast) ကဲ့သို့ ဆန်းသစ်သောနည်းများဖြင့် တည်းခိုနေရာများ ရရှိနိုင်အောင် ဆောင်ရွက်ပေးခြင်း၊ ခရီးသွားအာမခံနှင့် အရေးပေါ်လူနာပို့ဆောင်မှုအစီအစဉ် (Medical Evacuation) များကို စီစဉ်ဆောင်ရွက်ပေးခြင်း စသည်တို့အပြင် ဝန်ကြီးဌာနနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များဟာ လက်ရှိပူးပေါင်းဆောင်ရွက်မှုအပြင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာဖို့ သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရများနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ပြည်တွင်း ကျေးလက်ခရီးသွား လုပ်ငန်းများမှာလည်း လက်ရှိအသေးစား ကုန်တင်ယာဉ်များနဲ့ သွားလာနေမှုကနေ ပိုမိုဘေးကင်းပြီး စရိတ်သက်သာတဲ့ ကျေးလက် အခြေခံသယ်ယူပို့ဆောင်မှုစနစ်ကို လည်းဖော်ထုတ်သွားကြရမှာဖြစ်ပါတယ်။ သဘာဝ ခရီးသွားလုပ်ငန်း (eco-tourism) နဲ့ စွန့်စားလှုပ်ရှား ခရီးသွားကဏ္ဍ (Adventure tours, mountaineering, kayaking, hiking, jet-skiing, snorkeling, surfing, pleasure fishing etc.) စသည်များကိုလည်း အားပေးထူထောင်သွားရမှာ ဖြစ်ပါတယ်။
Jan 26, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအသုတ်ရရှိပြီး စတင်ထိုးနှံတော့မည်။ နိုင်ငံတစ်ဝန်းတွင် ယခုကာလအတွင်း၌ ကိုဗစ်-၁၉ရောဂါကူးစက်မှုများ ကျဆင်းလာသည်။ ကာကွယ်ဆေးလည်းရ၊ ရောဂါ ကူးစက်မှုလည်းကျသဖြင့် အတိုင်းထက်အလွန် ဝမ်းမြောက်ရ မလိုဖြစ်သည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မြန်ကပ်ရောဂါ ကမ္ဘာပေါ်မှ အပြီးတိုင် မထွက်ခွာ သွားသေးသည်ကို သတိချပ်ရမည်ဖြစ်သည်။
Jan 26, 2021
မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက် များ - ၂၀၂၀ (MNBC Code-2020) ကို ယခု ကျန်ခဲ့သည့်နှစ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင်ပြီး ရည်ညွှန်း ကိုးကား လိုက်နာ ကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရုံးက ညွှန်ကြား ခဲ့ပါသည်။
