Skip to main content

Apr 05, 2026

​​​​​​​မြန်မာတစ်မျိုးသားလုံး အလေးအမြတ်ထားပြီး ပျော်ရွှင်စွာဆင်နွှဲကြသည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလကို ယခင်နှစ်များနည်းတူ ၂၀၂၆ ခုနှစ်တွင်လည်း မြန်မာ့ရိုးရာအစဉ်အလာများ နှင့်အညီ ဆင်နွှဲသွားမည်ဖြစ်ပါသည်။ ထိုသို့ဆင်နွှဲရာတွင် ဖျော်ဖြေမှုအနေဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ/ ဝန်ကြီးဌာနများ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာများသည် မဟာသင်္ကြန်တေးသီချင်းများကို ဖျော်ဖြေသီဆိုမှုများ၊ တင်ဆက်ကပြမှုများကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုသို့ နိုင်ငံတော်အစိုးရ ကိုယ်စားပြုလုပ်သည့် မြို့တော်ဝန်မဏ္ဍပ်များနှင့် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များတွင် သင်္ကြန်နှင့်သက်ဆိုင်သော တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက အများပြည်သူသို့ အခမဲ့ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2026

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးအလည် အပတ်ရောက်ရှိနေသည့် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Kraburi(FFG-457)သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည် များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2026

တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့၊ ရွာ၊ ရပ်ကွက်များနှင့် အများပြည်သူသွားလာလျက်ရှိသည့် လမ်းများ၊ ဆေးရုံများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ဈေးများ၊ ပန်းခြံများနှင့် သောက်သုံးရေကန်များ သန့်ရှင်းသာယာလှပစေရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2026

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍတိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက် အရိယဝံသမြို့ဦးကျောင်းတိုက်ရှိ သံဃာတော်များအား အဆိုပါကျောင်းတိုက်၌အခြေပြု၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2026

- အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2026

​​​​​​​၁။      နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ဖြစ်ပေါ်နိုင်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံမိုးလေဝသစောင့်ကြည့်လေ့လာရေးဗဟိုဌာန (ASEAN Specialized Meteoro-logical Center - ASMC) မှ ထုတ်ပြန်ချက်များအရ-

ဆက်လက်ဖတ်ရှုရန်

Apr 05, 2026

တရားရေးအရာရှိကြီးများ မွမ်းမံသင်တန်းအမှတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားရေးကောလိပ် (JudicialCollege)၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2026

ယခုနှစ်ကျင်းပမည့် မဟာသင်္ကြန်ပွဲတော်သည် သာမန်ပျော်ပွဲရွှင်ပွဲ တစ်ခုထက်ပို၍ နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၊ ပြည်သူများအားလုံး ပူးပေါင်းပြီး စိတ်သစ်၊ လူသစ်၊ နိုင်ငံရေးအခင်းအကျင်းသစ်များဖြင့် အတူတကွပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်၊ အနှစ်သာရရှိသည့် မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်စေရန် ရည်ရွယ်ကျင်းပသွားမည်ဖြစ်ရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးမောင်မောင်အုန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် နီကာရာဂွါသမ္မတနိုင်ငံ၊ ပူးတွဲသမ္မတများဖြစ်ကြသည့် မစ္စတာဒန်နီရယ် အော်တီဂါ ဆာဗေဒရာနှင့် မစ္စစ် ရိုဆာရီယို မူရီလိုတို့ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့လာပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2026

နိုင်ငံတော်တွင် စက်သုံးဆီကို စနစ်တကျသုံးစွဲနိုင်စေရန်နှင့် လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန် ရည်ရွယ်၍ ဒစ်ဂျစ်တယ်နည်းပညာအခြေပြု ဖြန့်ဖြူးရောင်းချသည့်စနစ်ကို မတ်လ ၁၂ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး မတ်လ ၂၇ ရက်နေ့တွင် ယာဉ်တစ်စီးချင်းစီအတွက် စက်သုံးဆီပမာဏကို သတ်မှတ်၍ ရောင်းချပေးသည့်စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ပိုမိုကောင်းမွန်သော အကျိုးရလဒ်များရရှိခဲ့သလို အခက်အခဲအကျပ်အတည်းများနှင့် မသမာမှုများလည်းရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2026

​​​​​​​မြန်မာနိုင်ငံတွင် စပါးစိုက်ဧက စုစုပေါင်း ၁၇ သန်းကျော်နှင့် သီးနှံစိုက်ဧက စုစုပေါင်း ၁၈ သန်းခန့်ရှိသည်။ မိုးစပါး၊ နွေစပါး၊ မိုးသီးနှံ၊ ဆောင်းသီးနှံ၊ နွေသီးနှံစသည်ဖြင့် တစ်နှစ်ပတ်လုံးစိုက်ပျိုးနေကြခြင်းဖြစ်သည်။ ကောက်ပဲသီးနှံများကို စီးပွားဖြစ်စိုက်ပျိုးကြရာတွင် အထွက်ကောင်းရေး၊ ရောင်းပန်းလှရေးစသည်တို့အတွက် ဓာတ်မြေသြဇာများကို သုံးစွဲလာကြရာ ဝယ်ယူရလွယ်ကူခြင်း၊ သုံးစွဲရလွယ်ကူခြင်း၊ အပင်များနှင့် အပွင့်အသီးများကြီးထွားမှုကို အချိန်တိုအတွင်း တွေ့မြင်ရခြင်းစသည့် အားသာချက်များကြောင့် မိရိုးဖလာသုံးစွဲခဲ့ကြသည့် သဘာဝမြေသြဇာများထက် ပိုမိုသုံးစွဲ လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2026

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် KIA ၊ KPDF နှင့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင်အမျိုးသား ၈ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2026

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထာ တိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2026

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2026

၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်တွင် ကျင်းပသည့် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သော နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် မျိုးဆက်သစ်ဝံသာနုပါတီ၊ မြန်မာနိုင်ငံဟုတ်ကြန့်တရုတ်မျိုးနွယ်အသင်းချုပ်၊ မြန်မာပြည်ဖွားတရုတ်ကုသိုလ်ဖြစ်အသင်း၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်၊ မြန်မာနိုင်ငံဆိုင်ရာဝိန်းကျိုး ကုန်သည်ကြီးများအသင်းချုပ် Myanmar Wenzhou General Chamber of Commerce၊ မြန်မာနိုင်ငံဆိုင်ရာ အန့်ဟွေးကုန်သည်ကြီးများအသင်း၊ ရန်ကုန်ယူနန်လူမှုကူညီရေးအသင်း၊ ကောင်းတုံကုန်သည်နှင့် လုပ်ငန်းရှင်များအသင်း၊ မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်း၊ မြန်မာ-အိန္ဒိယအပြည်ပြည်ဆိုင်ရာစီးပွားရေး လုပ်ငန်းရှင်များအသင်းချုပ်(MIIBF)၊

ဆက်လက်ဖတ်ရှုရန်

Apr 04, 2026

ပြည်သူများစက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်ထားသော အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့၊ ပဲခူး၊ ပြင်ဦးလွင်နှင့် ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် အမြန်လမ်းမကြီးတစ်လျှောက်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချပေးလျက်ရှိပြီး ပြည်သူများမှ တွေ့ကြုံရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို Call Center မှ နေ့စဉ် နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ မေးမြန်းလာမှုများအပေါ် ဖြေရှင်းပြန်ကြားဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2026

အရာရှိလောင်း ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၇) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2026

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအပြင် သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများကိုလည်း လက်ခံဆေးကုသပေးခြင်း များ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2026

တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တပ်မတော်သားမိသားစုဝင်သားသမီးများ နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဘာသာ၊ သာသနာကိုတန်ဖိုးထားတတ်စေရန်နှင့် ယဉ်ကျေးလိမ္မာသည့် သားကောင်း/ သမီးကောင်းများ အဖြစ်သာမက မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံအတွက် အကျိုးပြုနိုင်ပြီး ဘာသာသာသနာကို အရှည်တည်တံ့တိုးတက်ခိုင်မြဲအောင် ဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်း ရတနာများဖြစ်ရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ပညာထူးချွန်သူများဖြစ်လာစေရန်၊ လက်တွေ့အသုံးချ ဘာသာရပ်များနှင့်အတူ ဗဟုသုတရစေပြီး အတတ်ပညာများတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်း သင်တန်းဆင်းပွဲများကို ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမ၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ ဧရာဝတီခန်းမ၌လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်တွေတပ်နယ်ခန်းမ၌လည်းကောင်း ပြုလုပ်ကြရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2026

ဒုတိယမြို့နယ် တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ် (၃၄) သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာပြုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College ၌ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်