Sep 29, 2021
၂၀၂၁ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံက ကြီးမှူးကျင်းပသည့် အာဆီယံလူမှုရေး - ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာဝန်ကြီးများအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Sep 29, 2021
အာဆီယံ၏ နိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း(APSC) မဏ္ဍိုင်မှ (၁၅) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှု ခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေး(15th AMMTC) နှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်ကျင်းပသည်။
Sep 29, 2021
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၏ Core Banking and Trade Finance & Enterprise Resource Planning (ERP) system တို့ကို စတင်အသုံးပြုခြင်း မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ မြန်မာ့နိုင်ငံခြံကုန်သွပ်သက် (ရုံးချုပ်) အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Sep 29, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေလှောင်တမံအတွင်း ရေပေါ်လှောင်အိမ်ဖြင့် ငါးမွေးမြူရေးစနစ်ကို ဖော်ဆောင်လျက်ရှိရာ ကနဦးတွင် တီလားပီးယားငါးမျိုးစိတ်ကို စမ်းသပ်မွေးမြူပြီး နောက်ရရှိလာသော ရလဒ်အပေါ်အခြေခံ၍ ပြည်ပဈေးကွက်ဝင် ကကတစ်ငါးကိုလည်း ဆက်လက်မွေးမြူထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။
Sep 29, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆေးနှင့်ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၀ ခုမှ အိမ်သုံးဆေးဝါး ၁၂၇ မျိုးအား ရောင်းချပေးခဲ့သည်။
Sep 29, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။
Sep 29, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။
Sep 29, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်း တစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။
Sep 29, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၅၆ ဦး၊ အမျိုးသမီး ၅၃ ဦး၊ စုစုပေါင်း ၁၀၉ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင် ရောက်လာသူ အမျိုးသား ၁၆ ဦး၊ အမျိုးသား ၆ ဦး၊ စုစုပေါင်း ၂၂ ဦး၊ လောက်ကိုင်မြို့ သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၁၆ ဦး၊ စုစုပေါင်း ၅၀ ဦး တို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၉၉ ဦး၊ အမျိုးသမီး ၁၇၂ ဦးတို့ကို လည်းကောင်း အသီးသီး လက်ခံခဲ့သည်။
Sep 29, 2021
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (ဌ) တွင် ပြဋ္ဌာန်းထားသော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း” ဆိုသည့် တာဝန်နှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာ လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားမှု ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ဩဂုတ်၂၃ ရက်မှ ၃၀ ရက်အထိ ပြည်ထောင်စုနယ်မြေ အခြေစိုက် အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ (အန်၊ ယူ၊ ဒီ) (National United Democratic Party (N.U.D)] နှင့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ် ပါတီ (Democratic Party of National Politics (DNP)] တို့ကိုလည်းကောင်း။
Sep 29, 2021
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
Sep 29, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။ ထိုသို့ထုတ်ပေးရာတွင် စက်တင်ဘာ ၂၈ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီရှစ်ခုမှ Emunish Tablets ၁၉၀၆၇ ခု၊ Enoxaparin Sodium Injection အခု ၅၀၀၀၊ Paracetamol Tablet အခု ၄၀၀၀၊ Oxygen Booster တစ်ခု၊ N95 Masks အခု ၃၀၀၀၊ Oxygen Concentractor ၂၃ ခု။
Sep 29, 2021
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Sep 29, 2021
“အကြမ်းဖက်မှုများ၊ မီးရှို့ဖျက်ဆီးခြင်းများ၊ သတ်ဖြတ်ခြင်းများ၊ မိုင်းခွဲတိုက်ခိုက်ခြင်းများသည် ဒီမိုကရေစီ၏ဆန့်ကျင်ဘက်ပင်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ၎င်းတို့ထံမှ သင်ခန်းစာများကိုယူ၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေ၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်းကို လိုလားကြောင်း၊ ကောင်းမွန်သည့် ဒီမိုကရေစီအလေ့အထကို ရစေချင်ကြောင်း၊ လူအများစု၏ဆန္ဒဆိုပြီး ဥပဒေနှင့်ဆန့်ကျင်ကာ ဆောင်ရွက်၍ မရကြောင်း၊ မိမိတို့နှင့်မိမိတို့မွေးထုတ်လိုက်သည့် မျိုးဆက်များတွင် မကောင်းသောအကျင့် ပါမသွားရန်လိုကြောင်း” ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) တွင် နိုင်ငံတော်ဝန်ကြီးချုပ် က ပြောကြားခဲ့သည်။
Sep 29, 2021
မြန်မာတို့ဆီစားသုံးမှု လိုတာထက်ပိုနေသည်ဟု ကျန်းမာရေးဆိုင်ရာ ပညာရှင်တို့က သတိပေးကြသည်။ ဆီလျှော့စားရန်၊ အဆီဓာတ်နည်းသောအစာကို စားရန်၊ ပြည့်ဝဆီဟုခေါ်သည့် ကျန်းမာရေးအတွက် မသင့်သောဆီများကို မစားရန် စသည်စသည်တို့ကို နည်းလမ်းမျိုးစုံဖြင့် သတိပေး၊ အသိပညာများပေးကြစေကာမူ တစ်သက်လုံးစွဲလာခဲ့သည့် အစွဲမြို့ ချွတ်ရခက်သည်။ ဆီစားများသောကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးနှစ်ခုရှိရာ တစ်ခုမှာ ဆီစားများသူအတွက် ကျန်းမာရေးဆိုင်ရာဆိုးကျိုးဖြစ်ပြီး ကျန်တစ်ခုမှာ စားသုံးဆီ မလုံလောက်သဖြင့် နိုင်ငံခြားမှတင်သွင်းရန် နိုင်ငံခြားငွေအမြောက်အများသုံးစွဲရသည့် ဆိုးကျိုးဖြစ်သည်။ ပထမဆိုးကျိုးက ဆီစားများသူကို ထိခိုက်ပြီး ဒုတိယဆိုးကျိုးက နိုင်ငံတော်ကိုထိခိုက်သည်။
Sep 28, 2021
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်လာစေရန် ရည်ရွယ်၍ ပထမအကြိမ် မြန်မာ-ရုရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲ (1st Business to Business Dialogue) ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရုံးအမှတ်(၁)၊ ရင်နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
