Apr 06, 2026
မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ နေ့စဉ်ထုတ်သတင်းစာများကို အလှည့်ကျထုတ်ဝေမည်ဖြစ်ပါသည်။
Apr 06, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
Apr 06, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် နီကာရာဂွါသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ ဂူစတာဗို ပေါရပ်စ် ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
Apr 06, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲနှင့် အစိုးရအဖွဲ့ဥက္ကဋ္ဌ မစ္စတာ အလက်စီဆမ်ဘူယဲဗစ် စီဂျယ်နော့ဗ်ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
Apr 06, 2026
အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။
Apr 06, 2026
မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုပြဿနာသည် မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံများအတွက်ပါ အလွန်အရေးကြီးသည့် ပတ်ဝန်းကျင်စိန်ခေါ်မှုပြဿနာဖြစ်သည်။ မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် လေထုညစ်ညမ်းမှုပင်ဖြစ်သည်။ သက်ရှိလူသတ္တဝါများအားလုံးကို အန္တရာယ်ဖြစ်စေနိုင်သော မီးခိုးမြူငွေ့ သို့မဟုတ် လေထုညစ်ညမ်းမှုပြဿနာကို မြို့ပြဒေသများတွင်သာမက နိုင်ငံဖြတ်ကျော် နယ်စပ်ဒေသများတစ်လျှောက်တွင်ပါ လျော့နည်းကင်းစင်သွားအောင် အမျိုးသားရေးအသွင်ဖြင့် အားလုံးပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
Apr 06, 2026
ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် မြန်မာနိုင်ငံမှ မြို့ကိုးမြို့အထိ ပါဝင်နေသည်ဟု သတင်းတစ်ရပ်ကဆိုသည်။ နေ့အပူချိန်များ မြင့်တက်နေသည့် ဤသို့သောကာလတွင် မသွားမဖြစ်သွားရမည့် ကိစ္စ၊ မလုပ်မဖြစ်လုပ်ကြရမည့် အလုပ်တို့မှတစ်ပါး အပြင်အပသို့မသွားဘဲ အပူရှောင်နေကြရန် ဂရုပြုကြစေလိုသည်။ ထို့အပြင် စက်သုံးဆီများ ချွေတာကြရမည့် အချိန်အခါလည်း ဖြစ်နေသည့်အလျောက် အသွားအလာခရီးယာယီတို့ ရွှေ့ဆိုင်းထားကြရဦးမည်လည်းဖြစ်သည်။
Apr 05, 2026
နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စုတစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများအား ထိရောက်စွာ တားဆီးကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
Apr 05, 2026
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။
Apr 05, 2026
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၂၆ လမ်း၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြားရှိ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ အိမ်ရှင်ကိုဦးနှင့်အတူ ဇော်ဝင်းနိုင်(ခ)ဖိုးသားတို့အား တရားမဝင်သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁ ဒသမ ၀၂၅ တန်၊ TOYOTA HILUX SURF ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
Apr 05, 2026
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် အောင်ဆန်းသူရိယဘွဲ့၊ သီဟသူရဘွဲ့နှင့် သူရဘွဲ့ရရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲသီဟတံဆိပ်၊ ရဲသူရတံဆိပ်ရရှိသူများနှင့် ၎င်းတို့၏ ဇနီး သို့မဟုတ် ခင်ပွန်းများ၊ သား၊ သမီးများအား မြန်မာ့မီးရထားအထက်တန်း အခမဲ့စီးနင်းခွင့်နှင့် မြန်မာ့မီးရထားစီးနင်းခြင်းမပြုနိုင်သော ဒေသများအတွက် နိုင်ငံပိုင်လေကြောင်းလိုင်းအား တစ်နှစ်လျှင် အသွား/အပြန် နှစ်ကြိမ် အခမဲ့စီးနင်းခွင့်ပြုသွားမည်ဖြစ်သည်။
Apr 05, 2026
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်တွင် ကျင်းပသည့် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် အမျိုးသားဒီမိုကရေစီပါတီသစ်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ တရုတ်-မြန်မာစီးပွားပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်း (CMECDPA) ၊ မြန်မာ-ဂျပန်ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်း၊ မြန်မာ့ငြိမ်းချမ်းရေးနှင့်ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးအဖွဲ့ (MPPAA) ၊ မြန်မာနိုင်ငံဆိုင်ရာ ဟူနန်ကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံဆိုင်ရာ စီချွမ်နှင့်ချုံချင့် ကုန်သည်ကြီးများအသင်းချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ကျန်းစုကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံဆိုင်ရာရှန်ဒုန်ကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံဆိုင်ရာကျန်းရှီးကုန်သည်ကြီးများအသင်းချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ဖုကျန့်ကုန်သည်ကြီးများအသင်းချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ကွမ်းတုန်းကုန်သည်ကြီးများအသင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ(တရုတ်) ယူနန် ကုန်သည်ကြီးများအသင်းတို့က အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
Apr 05, 2026
ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ချီးမြှင့်သည်။
Apr 05, 2026
Myanmar’s Future Lifestyle & Travel Expo 2026 ကို ရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel ၌ ဧပြီ ၃ ရက်မှ ၆ ရက်အထိ လေးရက်တိုင်ကျင်းပလျက်ရှိသည်။ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးများနှင့် STP Event Management တို့ပူးပေါင်းပြီး မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ အတွက် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပြီး ကွန်ရက်တည်ဆောက်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်နိုင်စေရန်ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်ကြောင်း STP Event Management မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်သင်းသင်းအောင်ထံမှ သိရသည်။
Apr 05, 2026
ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးတွင် အဓိကကျသည့် လေကြောင်းလိုင်းပြေးဆွဲမှုများကို ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ ရပ်နားထားခဲ့ရာမှ ဧပြီ ၄ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားလေဆိပ်၌ ခရီးသည်တင်လေကြောင်းလိုင်းများ စတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။
Apr 05, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Apr 05, 2026
မြန်မာတစ်မျိုးသားလုံး အလေးအမြတ်ထားပြီး ပျော်ရွှင်စွာဆင်နွှဲကြသည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလကို ယခင်နှစ်များနည်းတူ ၂၀၂၆ ခုနှစ်တွင်လည်း မြန်မာ့ရိုးရာအစဉ်အလာများ နှင့်အညီ ဆင်နွှဲသွားမည်ဖြစ်ပါသည်။ ထိုသို့ဆင်နွှဲရာတွင် ဖျော်ဖြေမှုအနေဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ/ ဝန်ကြီးဌာနများ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာများသည် မဟာသင်္ကြန်တေးသီချင်းများကို ဖျော်ဖြေသီဆိုမှုများ၊ တင်ဆက်ကပြမှုများကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုသို့ နိုင်ငံတော်အစိုးရ ကိုယ်စားပြုလုပ်သည့် မြို့တော်ဝန်မဏ္ဍပ်များနှင့် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များတွင် သင်္ကြန်နှင့်သက်ဆိုင်သော တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက အများပြည်သူသို့ အခမဲ့ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။
Apr 05, 2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးအလည် အပတ်ရောက်ရှိနေသည့် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Kraburi(FFG-457)သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည် များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ပို့ဆောင်နှုတ်ဆက်ကြသည်။
Apr 05, 2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့၊ ရွာ၊ ရပ်ကွက်များနှင့် အများပြည်သူသွားလာလျက်ရှိသည့် လမ်းများ၊ ဆေးရုံများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ဈေးများ၊ ပန်းခြံများနှင့် သောက်သုံးရေကန်များ သန့်ရှင်းသာယာလှပစေရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Apr 05, 2026
တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍတိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက် အရိယဝံသမြို့ဦးကျောင်းတိုက်ရှိ သံဃာတော်များအား အဆိုပါကျောင်းတိုက်၌အခြေပြု၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
