Skip to main content

Mar 04, 2020

ရန်ကုန် မတ် ၄

အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌမသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက် တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ရန်ကုန်  မတ် ၃

တရုတ်နိုင်ငံသို့ တစ်နေ့လျှင် မြန်မာ့ ဖရဲ၊ သခွားကုန်ကားအစီးငါးရာ တင်ပို့ခဲ့ရာမှ ဝူဟန်မြို့တွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားပြီးနောက် ဝယ်လိုအား ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီလကုန်တွင် ကားအစီး နှစ်ရာကျော်ခန့်သာ တင်ပို့ရောင်းချနိုင်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

နေပြည်တော် မတ် ၃

နေ၊ ဂြိုဟ်တုနှင့် TVRO (စလောင်း) တို့ တစ်တန်းတည်းကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်လေ့ရှိရာ ယင်းသို့ Sun Outage ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှ ပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံ အချက်အလက်များ ခေတ္တယာယီ ပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိသည်။

Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဖြစ်စဉ် တစ်ခုဖြစ်ပြီး နှစ်စဉ် မတ်လတွင် (၁) ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့တွင် (၁) ကြိမ် ကြုံတွေ့ရလေ့ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

 

မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂျပန်ဂန္ထဝင် ရုပ်ရှင်ပွဲတော် (Japanese Classic Film Festival)ကို ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံတွင် မတ် ၆ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ အစီအစဉ်ဖြင့် ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

မန္တလေး   မတ်     ၄

တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းစီမံချက် ပြန်လည်သုံးသပ်ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၈နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဆာကူရာ ဟိုတယ်တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ရန်ကုန် မတ် ၃

ကမ္ဘာ့သောတအာရုံနေ့ (World Hearing Day 2020) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင် ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ မြန်မာ နိုင်ငံ ဆရာဝန်အသင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဆေးသုတေသနဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ထင်အောင်စော၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကုဆရာ၀န်ကြီး ပါမောက္ခ ဒေါက်တာခင်လှလှတို့က အမှာစကားများ ပြောကြားကြ သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

မန္တလေး  မတ်  ၃

ယခု နွေဦးရာသီတွင် စတင်ထွက်ရှိလာသည့် ပေါ်ဦးပေါ်ဖျား မြန်မာ့မကျည်းများ အထွက်နှုန်း နည်းပါးသည့် အတွက် မန္တလေးဈေးကွက်သို့ အဖွင့်ဈေးကောင်းဖြင့် စတင်ဝင်ရောက်လာကြောင်း သိရသည်။

အရောင်းသွက်

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ရန်ကုန်မြို့၏ အချက်အချာနေရာ သွားရေးလာရေး လွယ်ကူသည့် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းမကြီး တွင် ၁၉၀၈ ခုနှစ်ကတည်းက ယနေ့တိုင်တည်ရှိနေသည့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ အဆောက်အဦကြီး သည် မကြာမီကာလတွင် နိုင်ငံသူ နိုင်ငံသားအားလုံး အတွက် ဗဟုသုတသိုမှီးရာ၊ တန်ဖိုးမဖြတ်နိုင်သည့် စာကောင်းပေမွန်များ သိုလှောင်စုစည်းသိမ်းဆည်း ထားရာ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဖြစ် ခံ့ညားထည်ဝါစွာ တည်ရှိလာတော့မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ရန်ကုန်  မတ်  ၃

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာ ပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။

တက်ရောက်ကြည်ညို

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

 

မန္တလေး   မတ်   ၃

မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့အဖြစ် နှစ်သက်စွာ လိမ်းခြယ်ခဲ့ကြသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သနပ်ခါးကို မြန်မာနိုင်ငံ၏ ပထမဆုံးကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန် မတ်လအတွင်း၌ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ယူနက်စကို) သို့ အမည်စာရင်း တင်သွင်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဦးရဲမြတ်အောင် က ပြောကြားသည်။ 

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ရန်ကုန်  မတ်  ၃

အဋ္ဌမအကြိမ် ရန်ကုန်တိုင်းဒေသကြီး သံဃာ့ဝန်ဆောင် (ဒုတိယ)နှစ်ပတ် လည် အစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ ရန်ကုန်တိုင်းဒေသ ကြီး သံဃနာယကအဖွဲ့ ရုံးဝင်းအတွင်း ရှိ မင်္ဂလာဈေး ဓမ္မာရုံ၌ ကျင်းပသည်။

ငါးပါးသီလ ခံယူဆောက်တည်

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ရန်ကုန်  မတ်  ၃

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စီစဉ်ကျင်းပသော ရွှေတိဂုံစေတီတော်ကြီး၏ (၅၇၇) ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက စေတီတော်ရင်ပြင်တော် တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

ဖားဆောင်း မတ် ၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းတည့် (၁၂)နာရီက ဖားဆောင်းမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ် ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

ဟင်္သာတ မတ် ၃

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် မြစ်ကွေ့ပရိယတ္တိ စာသင်တိုက်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ကျောင်းပြင်ပ အလယ်တန်းပညာရေး (NFME) အတွက် ဧရာဝတီတိုင်း ဒေသကြီးအစိုးရ အဖွဲ့က ပညာသင်ထောက်ပံ့ငွေနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါကျောင်းတိုက်ရှိ ဘောဇနသီရိ ဆွမ်းစားဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

နေပြည်တော် မတ် ၂

နေပြည်တော် ရေပန်းဥယျာဉ်သို့ လာရောက်လည်ပတ်ကြသော ပြည်သူ များ စိတ်ချမ်းမြေ့စွာ အပန်းဖြေနိုင်ရန် အတွက် ထိုင်းနိုင်ငံ မှပညာရှင်များနှင့်ပူးပေါင်း၍ ပထမဦးဆုံးဖွင့်လှစ်မည့် Wedding Park ကို မကြာမီဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

မုံရွာ မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မဟာ ဓာတ်အားလိုင်းနှင့် သုံးမိုင်အတွင်းရှိပြီး လျှပ်စစ်မီးသုံးစွဲခွင့် မရရှိသေးသောကျေးရွာ ၅၅၉ ရွာကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ် မီးလင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် စီစဉ်လျက်ရှိကြောင်း တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံး မှ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးကြီး ဦးမျိုးသန့်ထွန်းထံမှ သိရသည်။

"အခုမီးလင်းရေးလုပ်ဆောင်ပေးမယ့် ခရိုင် ခြောက်ခုအတွင်းမှာရှိတဲ့ ကျေးရွာ ၅၅၉ ရွာ က မဟာဓာတ်အားလိုင်းနဲ့ သုံးမိုင်အကွာရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်”ဟု အင်ဂျင်နီယာမှူး ကြီး ဦးမျိုးသန့်ထွန်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

မြန်မာ့ပညာရေးသမိုင်းတွင် ရန်ကုန်တက္ကသိုလ်သည် အစဉ်အလာကြီးမားသည့် တက္ကသိုလ်ကြီးတစ်ခုဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်တည်ထောင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် နှစ် ၁၀၀ ပြည့် မြောက်တော့မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

ရန်ကုန် မတ် ၂

ဟိန္ဒူမိသားစုများ၏ အဋ္ဌမအကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ အမျိုးသားသွေးလှူဘဏ်၌ ကျင်းပသည်။

သွေးလှူဒါန်းပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာအောင် (အမျိုးသားသွေးလှူဘဏ်တာဝန်ခံ) က သွေးလှူဒါန်းခြင်းမှရရှိလာမည့် အကျိုးကျေးဇူးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် သွေးလှူဒါန်းပွဲကျင်းပရေးအဖွဲ့မှ Shri Saras Gupta က အမှာစကားပြောကြားပြီး ၁၀ ကြိမ်နှင့်အထက် သွေးလှူရှင်များနှင့် မိတ်ဆက် ပေးသည်။

ဆက်လက်ဖတ်ရှုရန်