Skip to main content
Dec 06, 2020
မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ဥပဒေကို ကောလိပ်ကျောင်းသား ကြီးများ သပိတ် မှောက်ခဲ့သည်မှစ၍ မြန်မာအမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာခဲ့သည်မှာ မကြာမီ တွင် နှစ်(၁၀၀) ပြည့်တော့မည် ဖြစ်ပါသည်။ ထိုအခါက ကောလိပ်ကျောင်းသားကြီးတို့ သည် မြန်မာပြည် နိုင်ငံရေးတွင် ကိုယ်ထိ လက်ရောက် ဝင်ရောက် ဆောင်ရွက်ခြင်းများ မပြုခဲ့သော်လည်း မြန်မာပြည်နှင့် မြန်မာ လူမျိုးတို့၏ ကိစ္စဟူသရွေ့ကို စိတ်ဝင်စားစွာ လေ့လာခဲ့ကြ၏။ သို့နှင့် ရန်ကုန်တက္ကသိုလ် ဥပဒေကို အတည်ပြုလိုက်သောအခါ ထိုဥပဒေ သည် မြန်မာလူမျိုးများ အထက်တန်းပညာ တတ်မြောက်ရေးကို များစွာ ချုပ်ချယ်ထား ကြောင်းနှင့် ထိုဥပဒေကို တိုင်းပြည်က ကန့်ကွက်ခဲ့ခြင်းတို့ကို သိနှင့်ပြီး ဖြစ်ရကား တိုင်းပြည်က ကန့်ကွက်၍ မရခဲ့သော ထို ရန်ကုန်တက္ကသိုလ်ဥပဒေကို တစ်နည်းနည်း ဖြင့် တိုက်ဖျက်ရန် အောက်ပါ ရန်ကုန် ကောလိပ်ကျောင်းသားကြီး ၁၁ ဦးတို့သည် ၁၉၂၀ပြည့်နှစ် ဒီဇင်ဘာလ ၂ ရက်နေ့၌ ရွှေတိဂုံဘုရား ကုန်းတော်ပေါ်သို့ သွားရောက် ပြီး ဆွေးနွေးတိုင်ပင်ခဲ့ကြ၏။
Dec 05, 2020
ဂျပ်ဆင်ဝင်ပေါက်မှအဝင် ရေတမာပင်တန်းကြီးကလည်း ဆီးကြိုနေလျက်ရှိသည်။ မြက်ခင်းစိမ်း တွင် ငှက်ကလေးများ ဆော့ကစားနေကြသည်။ ငုနဲ့ ပိတောက်ပင်များ ကလည်း ဆီးကြိုနေ သည်။ ပင်ယံထက်ဆီက ကိုရွှေဥဩလေးကလည်း တွန်ကျူးသံလေးနှင့် နှုတ်ဆက်စကား ဆိုလေ သည်။ တဖြည်းဖြည်း လျှောက်လှမ်းလာရင်း အနုပညာအသင်း အခန်းအနီး ရောက်သည်နှင့် တစ်ပြိုင်နက် ဆိုင်းသံ ဗုံသံများ ကားရသည်။
Dec 05, 2020
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့က အမိတက္ကသိုလ်ရဲ့ ရာပြည့်မွေးနေ့ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်ရဲ့ သမိုင်း၊ ရန်ကုန်တက္ကသိုလ်ရဲ့ ဖြစ်တည်မှု၊ ရန်ကုန်တက္ကသိုလ်ရဲ့ အရေးပါမှုတွေကို ကျွန်မတို့ ဆရာကြီး၊ ဆရာမကြီးများ အမှတ်တရ ရေးသားကြတာတွေကို နေ့တိုင်းပဲ ဖတ်ရပါ တယ်။ တက်ကြွစရာ၊ ပျော်ရွှင်စရာ၊ အောက်မေ့လွမ်းမောစရာတွေလည်း ဖတ်ရသလို ကျွန်မတို့ သက်တမ်းနဲ့ မမီလိုက်ရတဲ့ အကြောင်းအရာတွေကိုလည်း တန်ဖိုးရှိစွာ သိရှိရပါတယ်။
Dec 05, 2020
မြန်မာစာပေလောကတွင် ဘဝတစ်သက်တာ ပျော်မွေ့ခဲ့ကြပြီး မြန်မာစာပေကို ချစ်ခင်မြတ်နိုးကာ ပြည်သူများ အသိပညာတိုးပွားစေသည့် စာပေများ ရေးသားဖော်ကျူးခဲ့ကြသော စာရေး ဆရာကြီးများအား နိုင်ငံတော်က နှစ်စဉ် အမျိုးသားတစ်သက်တာ စာပေဆုနှင့် အမျိုးသား စာပေဆုများကို ရွေးချယ်ချီးမြှင့်ဂုဏ်ပြုခဲ့သည်။ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆုများကို ရွေးချယ်ထုတ်ပြန်ခဲ့ရာ အမျိုးသားစာပေ တစ်သက်တာဆု ရရှိခဲ့ကြသည့် စာရေးဆရာကြီး နှစ်ဦးနှင့် အမျိုးသား စာပေဆုရ စာရေးဆရာ အချို့ အား မြန်မာ့အလင်းက တွေ့ဆုံမေးမြန်းခဲ့ပါသည်။
Dec 05, 2020
၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံရေးသမိုင်းတွင် ကမ္ပည်းတင်မည့်နှစ် (၁၀၀) ပြည့်(ရာပြည့်သဘင်ပွဲ) ကြီးလေးခု ဆင်ယင်ကျင်းပမည့် နှစ်ထူးနှစ်မြတ်ကြီး ဖြစ်သည်။
Dec 03, 2020
ဤဆောင်းပါးကို တောင်းပန်ခြင်းဖြင့် အစပြုလိုသည်။ ပထမဆောင်းပါးတွင် တို့တိတို့တိရေးသားရာမှ အာစရိယ ဆရာသခင်များကို စုံစုံလင်လင်ဖော်ပြရန် လစ်ဟင်းသွားခဲ့ မိပါသည်။
Dec 02, 2020
ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာတိုင်ခဲ့ပါပြီ။ နယ်တက္ကသိုလ် မှာ တာဝန်ထမ်းဆောင် နေသော ကျွန်မအဖို့ ကျောင်းတော် ကြီးကို လွမ်းပါသည်။ မိမိအားနားခိုခွင့်ပေးခဲ့သော၊ မိမိအား ပညာသင်ကြားပေးခဲ့ကြသော ဆရာကြီး ဆရာမကြီးများ၊ တာဝန်အတူ ထမ်းရွက်ခဲ့ကြသော စီနီယာ အစ်ကိုအစ်မများ၊ မိတ်ဆွေသူငယ်ချင်းများ၊ မောင်ငယ် ညီမငယ်များအားလုံးကို အမှတ်ရနေ ပါသည်။
Dec 02, 2020
“လူမျိုးတစ်မျိုးဟာ စာပေကို အထင်သေးနေလျှင်၊ သိပ္ပံပညာကို အထင်သေးနေလျှင်၊ အနုပညာကို အထင်သေးနေလျှင်၊ ပိုက်ဆံကို ဒီလောက်မက်မောနေလျှင် အဲဒီလူမျိုးဟာ ကြာရှည်ခံမှာ မဟုတ်ဘူး” ဟု အင်္ဂလိပ်အနုပညာနှင့် သုခုမဝေဖန်ရေးဆရာ ဂျွန်ရပ်စကင်းက ဆိုခဲ့ပါသည်။
Dec 02, 2020
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၁ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန် အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Dec 01, 2020
စာရေးသူသည် ရန်ကုန်တက္ကသိုလ်တွင် ၁၉၆၆ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ နှစ်နှစ်ကြာ ပညာသင်ယူခွင့် ရရှိခဲ့ပါသည်။ သို့သော် စာရေးသူသည် ရန်ကုန်တက္ကသိုလ်မှ ပေးအပ်သည့် ဘွဲ့ကြို၊ ဘွဲ့လွန်ဘာသာရပ်များ (under-graduate and postgraduate degrees) ကို သင်ယူရန် တက်ရောက်ခဲ့ခြင်းမျိုးတော့ မဟုတ်ပါ။