လုပ်ငန်းခွင်ပျော် အလုပ်တော်သော နိုင်ငံ့ဝန်ထမ်းကောင်းများသို့ . . .
ဝန်ထမ်းတွေ လုပ်ငန်းခွင်ရွှင်လန်းတက်ကြွကျေနပ်မှု (Job Satisfaction) ရှိရှိနဲ့ တာဝန်ထမ်းဆောင်နိုင်ရေးဟာ အဲဒီဝန်ထမ်းနဲ့ ဌာနအကြား တရားဝင်လက်မှတ်ရေးထိုး ချုပ်ဆိုထားတာဖြစ်စေ၊ အလွတ်သဘောမျိုးဖြစ်စေ နှစ်ဦးနှစ်ဖက်အကြား သဘောတူထားရှိတဲ့ ဝန်ထမ်းတစ်ဦးအနေနဲ့ မိမိတာဝန်ထမ်းဆောင်လျက်ရှိတဲ့ အဖွဲ့အစည်းအပေါ်ထားရှိရမယ့် ကတိကဝတ် (Organizational Commitment)နဲ့ သက်ဆိုင်ရာဌာနဘက်ကလည်း မိမိဝန်ထမ်းရဲ့ တရားဝင်ရရှိရမယ့် အရာတွေနဲ့စပ်လျဉ်းပြီး ဘာတွေပြန်လုပ်ဆောင်ပေးလဲဆိုတဲ့ အကြောင်းနှစ်ရပ်ကထွက်ပေါ်လာတဲ့ အကျိုးရလဒ်ဖြစ်ပါတယ်။
