ကွက်စိပ်သဘင်
သုခုမသဘင်ဖြစ်သော ကွက်စိပ်စာဟောသဘင်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၌ ပြန်လည်မြင်တွေ့ နားသောတဆင်ကြရသဖြင့် ကွက်စိပ်ကြိုက်နှစ်သက်သူပရိသတ်များ ကျေနပ်ကြရသည်။ မြန်မာ့ရိုးရာတစ်ခုဖြစ်သော စာဟောသဘင် သို့မဟုတ် ကွက်စိပ်စာပြောသဘင်တို့ တိမ်မြုပ်ခဲ့သည်မှာကြာပြီဖြစ်သည်။ ပြိုင်ပွဲကြီး၏ကျေးဇူးကြောင့် စာဟောဆရာတို့ ပြန်လည်နိုးထလာခွင့်နှင့်အတူ စာပေအသီးအပွင့်တို့လည်း ဖူးပွင့်ခွင့်ရလာခဲ့ကြတော့သည်။
