Skip to main content

ငြိမ်းချမ်းရေးလမ်းတစ်လျှောက်မှာ ပန်းပိတောက်တွေ သင်းပါစေ

ခရီးတစ်ခု သွားခဲ့သည်။ မကွေးတိုင်းဒေသကြီးအတွင်းက မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်းနှင့် မြို့သစ်မြို့နယ်များဆီသို့။ ရည်ရွယ်ချက်မှာ ထိုဒေသများအတွင်းရှိ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ဝါအထွက်တိုးစေဖို့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးကြရေး၊ ၎င်းတို့လိုအပ်နေသော ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ၊ ပိုးသတ်ဆေးများ အသုံးပြုနိုင်ဖို့ ကူညီပံ့ပိုးပေးရေး၊ အဆင့်မီသော ဝါဂွမ်းနှင့် ချည်များ ရရှိအောင် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနများ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရေးတို့အတွက်ဖြစ်ပါသည်။ ဝါစိုက်ပျိုးရေးနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်းက ရမည်းသင်း၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ ကျောက်ဆည်ဒေသများသို့လည်း ရောက်ခဲ့ပြီ။ တောင်သူများနှင့်တွေ့ခဲ့ဆုံခဲ့၊ မေးခဲ့မြန်းခဲ့ပြီးပြီ။ ထို့ပြင်တဝ မိမိတို့ဝန်ကြီးဌာနက ပါဝင်ဆောင်ရွက်ရမည့်အခန်းကဏ္ဍကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ လိုလားချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီးသမဝါယမဦးစီးမှူးများ ဂဃနဏသိရှိဖို့၊ သွက်သွက်လက်လက် စတင်အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့လည်း မှာကြားခဲ့ရသည်။

စနစ်တကျသုံးစွဲ တန်ဖိုးထားရမည့် ရေ

“မေမေရေ မေမေ တီဗွီထဲမှာ သမီးတို့အရွယ်ကလေးလေးတွေ ရေဘူးလေးတွေနဲ့ အများကြီးပဲ။ ဘာလုပ်တာလဲဟင်။ နောက်ပြီးတော့ အဝေးကြီးပဲ လမ်းလျှောက်သွားနေတာ။ တန်းစီနေကြတာ အများကြီးပဲ ရေပိုက်လေးနားမှာ။”

အကြမ်းဖက်မှုအန္တရာယ် တားဆီးကာကွယ်

ယနေ့ကမ္ဘာတွင် အကြမ်းဖက်မှုများ တစ်ကျော့ပြန်ခေါင်းထောင်လာသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင် ရုရှားနိုင်ငံ မော်စကိုမြို့တော် ဆင်ခြေဖုံးရှိ Crocus City Hall ခန်းမ၌ ပြုလုပ်သည့် ကပွဲကို အကြမ်းဖက်သမားလေးယောက်က သေနတ်နှင့်ပစ်၊ ဓာတ်ဆီဗုံးများနှင့် ဖောက်ခွဲ၍ လူ ၁၄၀ ကျော်သေဆုံးပြီး ၃၀၀ ခန့် ဒဏ်ရာရရှိသွားကြသည်။

အမိကမ္ဘာမြေ သန့်ရှင်းကျန်းမာဖို့ ပလတ်စတစ်သုံးစွဲမှု လျှော့ချကြပါစို့

ကျွန်ုပ်တို့ကမ္ဘာမြေသည် မိမိဝင်ရိုးပေါ်တွင် ၂၄ နာရီလျှင် တစ်ပတ်နှုန်းဖြင့် လည်ပတ်ရင်း နေကို ၂၃၁ ဒီဂရီတိမ်းစောင်း၍ လှည့်ပတ်ကာ ဥတုရာသီ မျှမျှတတ အလှည့်ကျဖြစ်ပေါ်စေပြီး လူသားတို့စားဝတ်နေရေးအတွက် လိုအပ်ချက်များဖြစ်သည့် လေ၊ ရေ၊ မြေ၊ အစားအစာတို့ကို အစဉ်ဖြည့်ဆည်းပေးလျက်ရှိပါသည်။ အမှန်စင်စစ်ဆိုသော် ဤကမ္ဘာမြေသည် ကျွန်ုပ်တို့လူသားများအတွက် အဖိုးမဖြတ်နိုင်သည့်အပြင် ကျေးဇူးကြီးမားလှသည့် ခိုလှုံစရာ မိခင်ရင်ခွင်ကြီးပင်ဖြစ်ပါသည်။

နွေဥတုနှင့်ကျန်းမာရေး တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ပေး

တိုင်းရင်းဆေးပညာအမြင်အရ နွေဥတု၏ သဘောသဘာဝများ၊ နွေဥတုတွင် အပြင်လောကဓာတ်နှင့် ကျန်းမာသည့်သူများ၏ ပကတိပုံမှန်လက္ခဏာများ၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရသမုဌာန်အလိုအရ ပြုမူနေထိုင်စားသောက်ရမည့် အခြေအနေများနှင့် နွေဥတုတွင် ဖြစ်တတ်သော ရောဂါအချို့ကို တိုင်းရင်းဆေးဖြင့် ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိနိုင်စေရန် ကျန်းမာရေးဗဟုသုတ မျှဝေခြင်းအလို့ငှာ ရေးသားလိုက်ရပါသည်။

နှစ်ကူးအတာသင်္ကြန်နှင့် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ နှစ်သစ် ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းချေတော့မည်။ တစ်နှစ်ဆိုသည့် အချိန်ကာလတစ်ခုမှာ မကြာလိုက်သလိုပင်။ ကိုယ့်ဘဝနဲ့ကိုယ် လှုပ်ရှားရုန်းကန်ရင်းဖြင့်ပင် နှစ်တစ်နှစ် ကုန်ဆုံးပေတော့မည်။ စိတ်ထဲမှာတော့ ခဏမျှသာဟု ထင်မိသည်။ အချိန်ဆိုသည်က သူ့စည်းချက်နဲ့သူ သွားမြဲသွားနေသည်ကိုး။ ထိုအချိန်များကို မြန်ချင်၍လည်းမရ၊ နှေးချင်၍လည်း မရ၊ ရပ်တန့်၍လည်း မရချေ။ မည်သူမဆို အချိန်၏ စည်းချက်များအောက်တွင် ဟန်ချက်ညီ ကျင်လည်ကြရသည်။ မိုးလင်းမှမိုးချုပ် ကိစ္စမြားမြောင် လူတို့ဘောင်၌ တစ်ရက်ပြီး တစ်ရက် လှုပ်ရှားရင်း၊ ရုန်းကန်ရင်းဖြင့် အချိန်များကို ဖြတ်သန်းနေကြရ၏။ ထိုဖြတ်သန်းခဲ့ရသည့် အချိန်ကာလသည်ပင် ယခုအခါ တစ်နှစ်ပြည့်ပေတော့မည်။

လက်ဖက်တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ပြီး မူပိုင်ခွင့်အကာအကွယ် ရယူကြပါစို့

လက်ဖက်ကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် စိုက်ပျိုးကြသည်။ မြန်မာလူမျိုးများ အနှစ်သက်ဆုံးသော စိုက်ပျိုးရေးထွက်ကုန်တစ်ခုလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ဖက်အစိုကို အဓိကအသုံးပြုပြီး နိုင်ငံတကာတွင် လက်ဖက်ရည်ကြမ်းဟုခေါ်သော အခါးရည် (ရေနွေးကြမ်း) (Green Tea) အဖြစ် အသုံးများကြသည်။ သီရိလင်္ကာနိုင်ငံတွင် လက်ဖက်ကို မိရိုးဖလာရိုးရာအသိပညာကို တစ်ဆင့်မြှင့်၍ တီထွင်ဖန်တီးမှုပြုလုပ်ကာ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ပြီး မူပိုင်ခွင့်ယူခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

ဆိုရှယ်မီဒီယာ အသုံးချတတ်မယ်ဆိုရင်

၂၁ ရာစုမှာ ဒစ်ဂျစ်တယ်ကမ္ဘာကြီးက လူတွေရဲ့ နေ့စဉ်လူမှုဘဝမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်နေပါပြီ။ လူသားနဲ့ဒစ်ဂျစ်တယ်ကမ္ဘာ ခွဲခြားလို့မရတော့ပါဘူး။

လတပေါင်း

မြန်မာ့ဆယ့်နှစ်လရာသီလများတွင် “တပေါင်းသာခေါင် လများနောင်” ဆိုသည့် တပေါင်းလသည် ရှေးပုဂံခေတ်တစ်လျှောက်လုံး ဝိသဇ္ဇနီ(ဝစ္စနှစ်လုံးပေါက်) မပါဘဲ “တပေါင်” ဟုသာ ရေးထိုးကြ၏။

တို့ရိုးရာသင်္ကြန် မြန်မာ့ယဉ်ကျေးမှုအမွေ ကမ္ဘာတစ်ခွင် ပျံ့နှံ့ထင်ရှားကျော်ကြားစေ

ဒီနှစ်ရန်ကုန်မှာ ပိတောက်ပန်းတွေ စောစောစီးစီးပွင့်ကြတယ်။ မတ်လနောက်ဆုံးပတ်မှာ မိုးပြေးလေးကလည်း “တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုးသင်္ကြန်မိုး” နဲ့ရောပြီး တစ်ဖြိုက် နှစ်ဖြိုက်ရွာလိုက်တော့ ပိတောက်တွေကလည်း ဝေဝေဆာဆာပွင့်လိုက်ကြတာ၊ အချို့နေရာတွေများ ဆိုပင်လုံးကျွတ်မျှပဲ။ တစ်ချက်တစ်ချက် လေပြေအဝှေ့မှာ ပိတောက်ရနံ့တွေက သင်္ကြန်အငွေ့အသက်တွေကို သယ်ဆောင်လာသလို ခံစားရတော့ စိတ်ထဲကြည်နူးလိုက်တာလွန်ပါရော။
Subscribe to ဆောင်းပါး