သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး
ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီး၌ ပင်လယ်သမုဒ္ဒရာများ၏ ရေလွှမ်းမိုးမှုက ၇၀ ရာခိုင်နှုန်းဖြစ်ပြီး ကုန်းမြေမှာ ၃၀ ရာခိုင်နှုန်းမျှသာရှိသည်။ ထို ၃၀ ရာခိုင်နှုန်းထဲတွင် သဲကန္တာရကြီးများလည်း ပါဝင်သည်။ ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ဟူသော စကားရပ်သည် အလွန်လိုအပ်သောအရာဖြစ်လာနေသည်။ ဖွံဖြိုးတိုးတက်မှုနှင့်အတူ ကမ္ဘာ့လူဦးရေသည်လည်း ရပ်တန့်နေသည်တော့မဟုတ်ပါ။ နေ့စဉ်နှင့်အမျှ အစဉ်တိုးပွား လာနေပေသည်။
