Skip to main content

သာသနာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပ

နေပြည်တော် ဧပြီ ၁၇

သာသနာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ပေါင်းလောင်းမြစ်၌ကျင်းပရာ သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းအောင်၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အမှာစကားပြောကြား

ဦးစွာ ဒုတိယဝန်ကြီး ဦးလင်းအောင်က ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးလင်းအောင် အမှူးပြုသော တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်များက “လုံးစုံများစွာ” အစချီသော ‌မေတ္တောပို့စာသားများကို သံပြိုင်ရွတ်ဆိုကြပြီး ရွှေဝါငါးကြင်းငါးသားပေါက် ၁၅၀၀ကို ပေါင်းလောင်း မြစ်အတွင်းသို့လွှတ်၍ ဇီဝိတဒါနကုသိုလ်ပြုကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့က “ဤသို့ပြုရ မြတ်ပုညကို” အစချီသော အမျှဝေဂါထာကို သံပြိုင်ရွတ်ဆို၍ အမျှအတန်းပေးဝေခဲ့ကြောင်း သိရသည်။

သတင်းစဉ်