ကျွဲ၊ နွား ပေါင်ပုပ် လက်ပုပ်ရောဂါနှင့် ကာကွယ်ဆေးအကြောင်း တစေ့တစောင်း
ကျွဲ၊ နွား ပေါင်ပုပ်လက်ပုပ်ရောဂါသည် ပြင်းထန်ပြီး သေဆုံးနှုန်းမြင့်သော ဗက်တီးရီးယားရောဂါ တစ်မျိုးဖြစ်သည်။ ရောဂါဖြစ်ပွားသည့်နေရာရှိ ကြွက်သားသည် မည်း၍ယောင်လာပြီး စမ်းကြည့်ပါက လေခိုသံ (crackling sound) ကို ကြားရသည်။ တိရစ္ဆာန်သည် အစာစားနှုန်းကျခြင်း၊ အနာကြောင့် လဲကျခြင်းနှင့် အပူချိန်မြင့်တက်လာပြီး သေဆုံးကြသည်။ ကူးစက်စေသောရောဂါ မဟုတ်သော်လည်း ကျွဲ၊ နွားငယ်များတွင် ၁၀၀ ရာခိုင်နှုန်းနီးပါး သေဆုံးမှုများသော ရောဂါဖြစ်၍ ကျွဲ၊ နွား မွေးမြူရေးများတွင် အလေးထားဆောင်ရွက်ရန် လိုအပ်ပါသည်။
