Skip to main content

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန် နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၂) ဦးအား တိုကျိုမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၁၆) ကြိမ်မြောက် All Nippon Airway (ANA) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ် ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပြည်သူ့ဝန်ထမ်းအယောင်ဆောင်၍ ခြောက်လှန့်တောင်းယူမှု ကျူးလွန်သူကို စီရင်ချက်အမိန့်ချမှတ်

န်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သုမိတ္တာ (၂၅)လမ်း၊ အိမ်အမှတ်(၉၇၁)နေ ဦးမင်းသူ (ယခင် လွှတ်တော်ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝ မြှင့်တင်ရေးအဖွဲ့)က ညောင်တုန်းမြို့နယ်အတွင်းမှ ဝန်ထမ်း နှစ်ဦးအား ၎င်းတို့နှင့် ပတ်သက်သော တိုင်စာများ၊ အမှုတွဲများ အဂတိအဖွဲ့သို့ ရောက်ရှိ နေကြောင်း၊ ၎င်းသည် အဂတိကော်မရှင်မှ အတွင်းရေးမှူးဖြစ်ကြောင်း၊ တိုင်စာကိစ္စများအား ကူညီဆောင်ရွက်ပေးနိုင် ကြောင်း ပြောဆိုကာ ဝန်ထမ်းနှစ်ဦးထံမှ ငွေကျပ် သိန်း(၃၀) အား ခြောက်လှန့်တောင်းယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ သည်။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ပြုစုရေး ကျောင်းသားသမဂ္ဂများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒုတိယနေ့ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ပြုစုရေး ကျောင်းသားသမဂ္ဂများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒုတိယနေ့ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁)ကို Virtual Festival အွန်လိုင်းစနစ်ဖြင့် ကျင်းပနိုင်ရေးလေ့လာဆန်းစစ်သည့် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁)ကို ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ ကြောင့် Virtual Festival အွန်လိုင်း စနစ်ဖြင့် ကျင်းပနိုင်ရေးလေ့လာဆန်းစစ်သည့် အကြိုညှိနှိုင်း အစည်း အဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာ နရှိ အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ နေပြည်တော်ကောင်စီသို့ လွှဲပြောင်းပေးအပ်

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ခရိုင်/မြို့နယ်များသို့ ဖြန့်ဝေပေးရန်နှင့် စာကြည့်တိုက်တွင် ထားရှိနိုင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် (၉) နာရီခွဲတွင် နေပြည်တော်ကောင်စီရုံးဧည့်ခန်းမ၌ ကျင်းပခဲ့သည်။

ဧရာဝတီတံတား (သရက်-အောင်လံ) တည်ဆောက်ရေး စီမံကိန်းတို့အား ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ကျော်လင်း သည် ယမန်နေ့က တောင်တွင်းကြီး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်းနှင့် ဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန် - ပြည် - မကွေး - မန္တလေးလမ်း မိုင် (၂၆၁/၅ - ၂၆၁/၆) အကြားတွင် တံတားအထူးအဖွဲ့ (၃)မှ တာဝန်ယူ တည်ဆောက်နေသော တံတားအမှတ် (၂/၂၆၂) ပရပ်ကျယ်တံတား တည် ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိ ရာ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးတင်နိုင်ကိုကိုက ယာယီလမ်းလွှဲ တံတားနှင့် တံတားတည်ဆောက်ပြီးစီး မှုများကို ရှင်းလင်းတင်ပြသည်။

အလားအလာကောင်းများ မြင့်မားရေးကြိုးပမ်း

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေဆဲကိုဗစ်-၁၉ ကပ်ရောဂါပိုး ကူးစက်မှုနှုန်း ကျဆင်း လာပါက ဝမ်းမြောက်ကြရပြီး ထိုနေ့အတွက် မင်္ဂလာရှိလှပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုနှုန်း တိုးလာလျှင် စိုးရိမ်ပူပန်မှုဖြစ်ကြရပြီး ထိုနေ့အတွက် စိတ်မချမ်းမသာဖြစ်ကြရပါသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းစည်းကမ်း များကို အသိတရားဖြင့်သတိထားပြီး ကိုယ်စီလိုက်နာ ခြင်းဖြင့် ပြည်သူများ စိတ်ချမ်းသာအောင် ဆောင်ကြဉ်း ပေးသင့်ပေသည်။

ဒစ်ဂျစ်တယ်နည်းပညာဗဟုသုတနှင့် သုံးစွဲမှု အလေ့အကျင့်တို့ မြှင့်တင်

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့သည့်ကာလက နည်းပညာ မြင့်မားသည့်ခေတ်ဖြစ်နေခြင်း ကြောင့် အခက်အခဲအကျပ်အတည်း တော်တော်များများကို ပြေလည်စေသည်။ အထူးသဖြင့် လူတိုင်း လိုလို၏ အိတ်ထဲတွင် ရှိနေသော လက်တစ်ဝါးသာသာ မိုဘိုင်းဖုန်း ကလေးက အခရာကျသည်။ အင်တာနက်ကွန်ရက်နှင့်ချိတ်ဆက် ထားသော မိုဘိုင်းဖုန်းကလေးကိုအသုံးပြု၍ ကိစ္စအတော်များများ ကို လျင်လျင်မြန်မြန် အဆင်ပြေပြီးမြောက်အောင် ဆောင်ရွက်နိုင် သည်။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းအတွက် ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ပညာရေးဝန်ထမ်းများနှင့် ရှင်းလင်းဆွေးနွေးပွဲကျင်းပ

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲခြင်းအတွက် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်းများ၊ စိတ်ပါဝင်စားသူ အမှုထမ်းများနှင့် NESP 2 ရေးဆွဲရေးအဖွဲ့များ (Drafting Teams) နှင့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဥတ္တရခရိုင်တရားရုံး အဆောက်အဦ ပန္နက်တော်တင်တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား ကျင်းပ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ဥတ္တရခရိုင်တရားရုံး အဆောက်အဦ ပန္နက် တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ်၊ ချင်းတွင်းလမ်းနှင့် ပုဗ္ဗသီရိမြို့နယ် တရားရုံးလမ်း ထောင့်ရှိ အဆိုပါ အဆောက်အဦ တည်ဆောက်မည့်နေရာ မင်္ဂလာမဏ္ဍပ်၌ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်သည်။
Subscribe to နေပြည်တော်