Skip to main content

ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်းသိကောင်းစရာ အမေး ၊ အဖြေ အစီအစဉ် ဆက်လက် ထုတ်လွှင့်မည်

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူကို အသိပညာမျှဝေပေးမည့် “ဒစ် ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် ” ကို နိုဝင်ဘာ ၂၅ရက်မှစ၍ အပတ်စဉ်ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့ များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသလျှက်ရှိသည်။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းအတွက် မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီဝင်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇန်နဝါရီ ၅ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည် ဖော်ပြလိုက်ပါသည်။

ဗီဇပြောင်း ဗိုင်းရပ်စ်ပိုး

ဗိုင်ရပ်စ်ပိုးများ၏ သဘာဝအရ ၎င်းပိုးတို့သည် သူတို့၏ ရှင်သန်နိုင်မှုစွမ်းအားကို ကိုယ့်ဘာ သာကိုယ် မျိုးဗီဇပြောင်းလဲခြင်းဖြင့် မြှင့်တင်လေ့ရှိသည်။ ထိုဗီဇပြောင်းမျိုးကွဲများကို ကိုဗစ်ဂါ ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးများတွင် စတင်တွေ့ရှိလာနေရသည်ဟု အင်္ဂလန်နိုင်ငံက ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာခဲ့ပါသည်။

ဆေးတက္ကသိုလ်၊ နောက်ဆုံးနှစ် အပိုင်း (ခ) (ပုံမှန်) သင်တန်းနှင့် သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ် နောက်ဆုံးနှစ် (ပုံမှန်) သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံချက်တင်ပြ ခြင်းနှင့်ဘွဲ့လွန်ဆေးပညာ သင်တန်း များဝင်ခွင့်ခေါ်ယူရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဆေးတက္ကသိုလ်၊ နောက်ဆုံးနှစ် အပိုင်း (ခ) (ပုံမှန်) သင်တန်းနှင့် သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ် နောက်ဆုံးနှစ် (ပုံမှန်) သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံချက် တင်ပြ ခြင်းနှင့် ဘွဲ့လွန်ဆေးပညာ သင်တန်းများဝင်ခွင့်ခေါ်ယူရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် Video conferencing စနစ် ဖြင့် ကျင်းပသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MSESF) တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်း စင်းလုံးငှားကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၁ဝ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

လွတ်လပ်ရေးနေ့ဦးတည်ချက်နှင့်အညီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်နေထိုင်ခဲ့သည်မှာ ၂၀၂၁ ခုနှစ် ယနေ့ (ဇန်နဝါရီလ ၄ ရက်)တွင် (၇၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးသည် မှာ နှစ်ပေါင်းခုနစ်ဆယ် ကျော်ပြီဖြစ်သော်လည်း မျက်မှောက် ကာလ အခြေ အနေအားဖြင့် လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေး၏အနှစ်သာရ၊ လွတ်လပ်ရေး၏ တာဝန် များကို အထူးသိရှိကြရန် လိုအပ်နေသောကာလ ဖြစ်သည်။

တရားမျှတ “လွတ်လပ်ခြင်းနှင့်မသွေ...

ယင်းလွတ်လပ်ရေးသည် မိမိအပါအဝင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတစ်ရပ်လုံး တိုင်းတစ်ပါး သား၏ လက်အောက်တွင် ကျွန်ဖြစ်နေရသည်ကို မခံမရပ်နိုင်ကြသော နိုင်ငံချစ်သူ မြန်မာ ပြည်သူ လူထု၏ စွန့်လွှတ်စွန့်စားမှု အမျိုးမျိုးဖြင့် အသက်သွေးချွေး စတေးမှုများစွာကို ရင်းနှီးပေးဆပ်ကြပြီး ရရှိခဲ့သည့် လွတ်လပ်ရေး ဖြစ်သည်။

ဂျပန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်

နိုင်ငံတကာခရီးသည်တင် လေယာဉ် များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၅၅ ဦးအား တိုကျိုမြို့ရှိ မြန်မာသံရုံး မှ စီစဉ်သည့် All Nippon Airways လေကြောင်းလိုင်း (ANA) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင် ခဲ့ရာ ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Subscribe to နေပြည်တော်