Skip to main content

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်းနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၉၆)ဦးကို ဗန်ကောက်မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၁၄) ကြိမ်မြောက် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၈ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများ၏ ကိုဗစ်-၁၉ ကုသရေး ဆိုင်ရာ အတွေ့အကြုံနှင့် ဆန်းစစ်သုံးသပ်တွေ့ရှိချက်များ တင်ပြဆွေးနွေးပွဲကျင်းပ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြု ဆရာမကြီးများ၏ ကိုဗစ်-၁၉ ကုသရေး ဆိုင်ရာ အတွေ့အကြုံနှင့် ဆန်းစစ်သုံးသပ်တွေ့ရှိချက်များ တင်ပြဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း တွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပညာရေးစီမံခန့်ခွဲမှု (Certificate in Educational Management (CEM)) (Batch 1) သင်တန်းတွင် သင်တန်းပို့ချ

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်ပညာရေး တက္ကသိုလ်မှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည့် ပညာရေး စီမံခန့်ခွဲမှု (Certificate in Educational Management (CEM)) (Batch 1) သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများအား “Achievements and Challenges of the Ministry of Education” ခေါင်းစဉ်ဖြင့် သင်တန်းပို့ချသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ လူစီးသုံးဘီးမော်တော်ယာဉ်နှင့် ထရော်လာဂျီယာဉ်များ၏ ကနဦးမှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ရက်ချိန်းရယူခြင်းအား ကြိုတင်စာရင်းသွင်းသည့်စနစ်(Online Booking System) သို့ ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ လူစီးသုံးဘီးမော်တော်ယာဉ်နှင့် ထရော်လာဂျီယာဉ်များ၏ ကနဦးမှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ရက်ချိန်းရယူခြင်းအား ကြိုတင်စာရင်းသွင်းသည့်စနစ်(Online Booking System) သို့ ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

အော်ဂဲနစ်ထောက်ခံချက်လက်မှတ် ပေးအပ်ရေးစီမံချက် စတုတ္ထမူကြမ်းများအပေါ် ထပ်မံဖြည့်စွက် အတည် ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

အော်ဂဲနစ်ထောက်ခံချက်လက်မှတ် ပေးအပ်ရေးစီမံချက်၊ လမ်းညွှန်ချက်များနှင့် စိုက်ပျိုးရေးစစ်ဆေးခြင်း ဆိုင်ရာ လမ်းညွှန်ချက် စတုတ္ထမူကြမ်းများအပေါ် ထပ်မံဖြည့်စွက် အတည်ပြုနိုင်ရေး ဆွေးနွေးပွဲကို ယမန် နေ့ နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် တည်ဆောက် ထားသည့် အခြေခံအဆောက်အဦများ ရေရှည်ကြံ့ခိုင်ရေးနှင့် ပြန်လည်နေရာချထားရေး ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်း

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး အတွက် တည်ဆောက်ထားသည့် အခြေခံအဆောက်အဦများ၏ လက်ရှိအခြေအနေ နှင့် ရေရှည် ကြံ့ခိုင်ရေး ကိစ္စရပ်များ၊ ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီကကြီးမှူးကျင်းပသည့် International Conference on Engineering Education Association (ICEEA 2021 Myanmar)သို့ တက်ရောက်

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ကြီးမှူးကျင်းပသည့် International Conference on Engineering Education Association (ICEEA 2021 Myanmar) အခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ Online စနစ် ဖြင့် ကျင်းပသည်။

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသား များအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူ နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၄၃)ဦးအား စင်ကာပူ မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၃၅)ကြိမ်မြောက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာပြန်လည် ရောက်ရှိကြသည်။

ကမ်းလွန်လုပ်ကွက်အမှတ် M-5 နှင့် M-6 တို့တွင် တွင်းတူးဖော်ရေးလုပ်ငန်းများ ဆောင် ရွက်မည်ဖြစ်ပါ၍ ရေကြောင်းသတိပေးချက်ထုတ်ပြန်

မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း နှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော Total E&P Myanmar ကုမ္ပဏီသည် ကမ်းလွန် လုပ်ကွက် အမှတ် M-5 နှင့် M-6 တို့တွင် တွင်းတူးဖော်ရေးလုပ်ငန်းများကို Jack-Up Drilling Rig, COSL BOSS (Call Sign: 9V5684) ဖြင့် WP2 Platform တွင် မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၉ မိနစ် ၀၉ ဒသမ ၅၆၇ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၆ မိနစ် ၅၁ ဒသမ ၇၂၈ စက္ကန့်၊ WP4 Platform တွင် မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၉ မိနစ် ၃၇ ဒသမ ၃၃၁ စက္ကန့် ၊ အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၃ မိနစ် ၀၂ ဒသမ ၇၉၂ စက္ကန့်တို့တွင် (၁.၂.၂၀၂၁) ရက်နေ့မှ (၃၀.၆.၂၀၂၁) ရက်နေ့အထိ လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်းသိကောင်းစရာ အမေး/အဖြေ အစီအစဉ်

Sharing Economy အသုံးပြုရာတွင် လိုက်နာသင့်သည့်အချက်များနှင့် နယ်ပယ်အသီးသီးရှိ Digital Platform အခွင့်အလမ်း များနှင့်ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်းသိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇန်နဝါရီ ၇ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Subscribe to နေပြည်တော်